တရားဝင် ရုပ်ရှင်နမူနာများ | ပြောင်းလဲခြင်းအခါသမယ

ဆုမင်ယုသည် တရုတ်ပြည်မရှိ ခရစ်ယာန်အိမ်တွင်းအသင်းတော်တစ်ခု၏ တရားဟောဆရာမတစ်ဦးဖြစ်သည်။ သူမအနေနှင့် သခင့်ကို ယုံကြည်ရုံမျှဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်၏၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရခဲ့ပြီဟု အမြဲထင်ခဲ့သည်။ ကျွနု်ပ်တို့ ထပ်ကာထပ်ကာအပြစ်ပြုမိနေဆဲဖြစ်သော်လည်း သခင့်အားဖြင့် ကျွနု်ပ်တို့အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရပြီးဖြစ်ကာ ကျွနု်ပ်တို့၏ပုံရိပ်များ သန့်ရှင်းခြင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲပြီး သခင်ရောက်ရှိလာသည့်အခါတွင် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်း ခံရမည်ဖြစ်သည်။ သို့သော်၊ လုပ်ဖော်ကိုင်ဖက်အချို့က သံသယမျိုးစေ့တစ်စေ့ကို စိုက်ခဲ့ကြ၏။ ကျွနု်ပ်တို့အနေဖြင့် အဆက်မပြတ် မုသားဆိုပြီး အပြစ်ပြုမိနေဆဲရှိမှတော့ အမှန်ပင် ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရနိုင်ပါ့မလား။ ဆုမင်ယု စိတ်နှလုံးထဲတွင် ရှုပ်ထွေးနေသည်။ အဆုံးတွင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်၏ တရားဟောဆရာများနှင့်အတူ အချေအတင်ဆွေးနွေးပြီး မိတ်သဟာယပြုခြင်းမှတဆင့် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ရာ တစ်ခုတည်းသောလမ်းကြောင်းကို နောက်ဆုံးတွင် ဆုမင်ယု တွေ့ရှိသွားခဲ့သည်…

အကြံပြုစာမျာ:

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family

ခရစ်ယာန်သီချင်း | ဘုရား လူ့အဖြစ်ခံယူမှသာ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်

ခရစ်ယာန်သီချင်း | ဘုရား လူ့အဖြစ်ခံယူမှသာ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်

I
ဘုရားသခင် မိမိကိုယ်ကို နိမ့်ချလာတော့မှ
ဆိုရသော် လူ့အဖြစ်ခံယူကာ လူသားတို့နဲ့ နေထိုင်
ထိုအခါ လူသားများ ဘုရားနှင့်ရင်းနှီးသူဖြစ်နိုင်
ထိုအခါ လူသားများ ဘုရားရဲ့ရင်းနှီးသောမိတ်ဆွေဖြစ်လာနိုင်
လူဟာ ဘုရားနှင့်ရင်းနှီးသူဖြစ်ခွင့် ဘယ်လိုရှိမလဲ
ချီးမြောက်ခြင်းခံရ၍ နားလည်ရခက်သော
ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်သောချိန်
ဖန်ဆင်းခံလူသားအသွင် လူ့ဇာတိဖြင့်သာ
လူသားများ အလိုတော် သိနားလည်ပြီး
ဘုရားသခင်ရဲ့သိမ်းယူခြင်းခံရ
လူ့ဇာတိဖြင့် ဘုရားသခင် စကားပြော၍ အမှုတော်ဆောင်ရွက်နေ
လူသားရဲ့ဝမ်းမြောက်ခြင်း၊ ပူဆွေးခြင်းနဲ့ ဆင်းရဲဒုက္ခ မျှဝေခံစား
လောကမှာ အသက်ရှင်ရင်း လူသားတို့ကို ကွယ်ကာ လမ်းပြပေးနေ
ဘုရားရဲ့ကောင်းချီးနဲ့ကယ်တင်ခြင်းရဖို့ လူသားများကို သန့်ရှင်းပါစေ
လူဟာ ဘုရားနှင့်ရင်းနှီးသူ ဖြစ်ခွင့် ဘယ်လိုရှိမလဲ
ချီးမြောက်ခြင်းခံရ၍ နားလည်ရခက်သော
ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်သောချိန်
ဖန်ဆင်းခံလူသားအသွင် လူ့ဇာတိဖြင့်သာ
လူသားများ အလိုတော် သိနားလည်ပြီး ဘုရားသခင်ရဲ့သိမ်းယူခြင်းခံရ

Read More »