ပညာရှိ သတို့သမီးများဟာ မှန်ကန်တဲ့ ခရစ်တော်နဲ့ ခရစ်တော်အတုအယောင် တွေကို သေချာခွဲခြားနိုင်တယ်

သခင်ဘုရားရဲ့ ဒုတိယအကြိမ်ကြွလာခြင်းနဲ့ သင်နဖူးတွေ့ဒူးတွေ့ကြုံတဲ့အခါ မှားယွင်းတဲ့ ခရစ်တော်တွေရဲ့ ရန်ကိုကြောက်လွန်းတာကြောင့် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အိမ်တံခါးပိတ်ပြီး သခင်ဘုရားရဲ့ ဖွင့်ပြခြင်းကို စောင့်မလား? ဒါမှမဟုတ် ပညာရှိ သတို့သမီးများလို ပြုမူပြီး ဘုရားသခင်ရဲ့ အသံတော်ကို သတိထားနားထောင်ပြီး ဘုရားသခင် အလာကို ကြိုဆိုမလား။ ဒီ ဗီဒီယို အတိုလေးက သခင်ဘုရား ဒုတိယအကြိမ်ကြွလာတာကို ဘယ်လိုကြို ဆိုမလဲဆိုတာကို ပြောပြလိမ့်မယ်။

ဆောင်ရွက်မှုများ

ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

ခရစ်ယာန်သီချင်း | လူသားတို့အနာဂတ်အတွက် ဘုရားသခင်ပူဆွေး

I
သမိုင်းမတိုင်မီကစ အကြိမ်ကြိမ်ပြောင်းလဲခဲ့သော
ကြီးမားတဲ့ကမ္ဘာကြီးထဲ
ခပ်သိမ်းတို့ကို အုပ်စိုးသော ဘုရားမှတစ်ပါး
လူသားကို ဦးဆောင်လမ်းပြမယ့်သူမရှိ၊
မည်သို့သော ခွန်အားကြီးသူမှ
လူသားတို့လိုအပ်ချက်များအတွက် ပြင်ဆင်လုပ်ဆောင်ပေးခြင်းမရှိ
မည်သူမျှ လူတို့ကို တောက်ပသောအနာဂတ်ဆီသို့ ဦမးဆောင်နိုင်
လောကရဲ့မတရားမှုမှ မလွတ်ကင်းစေနိုင်
လူသားတို့အနာဂတ်အတွက် ဘုရား ပူဆွေး၊
လူသားတို့ကျရှုံးခြင်းအတွက် ဘုရားဝမ်းနည်း
ပြန်လမ်းမရှိသောလမ်းတွင် ချီတက်နေမှန်း
သူတို့မသိသော ကြောင့် ဘုရား၏ သောကကို ကြည့်ရှုလော့
လူသားတို့ ဘုရားကို ပုန်ကန်၍ သူ့နှလုံးသားကို ကြေကွဲစေ
စာတန်ရဲ့ဒုစရိုက်လမ်းတွင် ဝမ်းမြောက်စွာ လှမ်းခဲ့ကြပြီ
လူသားတို့ နောက်ဆုံး သွားမယ့်နေရာ
ရှင်းလင်းစွာမြင်ရန် အရေးပေးသူမရှိ ခဲ့

Read More »