၁။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူပြီး အမှုတော်လုပ်ဆောင်ရန် လူသားအဖြစ်ပေါ်ထွန်းမည်ဟု သခင်ယေရှု ကိုယ်တော်တိုင်က ပရောဖက်ပြုခဲ့သည်

ခရစ်တော်, ယေရှု, သမ္မာတရား, အသက်, အသင်းတော်

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ –

“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်ဟု မိန့်တော်မူ၏။” (ရှင်လုကာခရစ်ဝင် ၁၂:၄၀)

“ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှါ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်၊” (ရှင်မဿဲခရစ်ဝင် ၂၅:၆)Read More »

(ပြန်လာခဲ့သူ ဘယ်သူပါလဲ) စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ဘယ်လိုခွဲခြားမှာလဲ (၂)

သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားအဖြစ် ပြန်လည်ကြွရောက်နေပြီး၊ တရားစီရင်ခြင်းအမှုကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ကာဆောင်ရွက်နေတယ်လို့ လူတော်တော်များများက အခုဆို သက်သေခံပါတယ်။ တစ်ချိန်တည်းမှာပဲ လူတော်တော်များများက သူတို့ကိုယ်သူတို့ ပြန်ကြွလာတဲ့ သခင်ယေရှုအဖြစ် လှည့်ဖြားနေကြပါတယ်။ သူတို့တွေက လူတွေကို ရှုပ်ထွေးစေဖို့အတွက်၊ သမ္မာကျမ်းကို မှားယွင်းအနက်ဖော်တာတွေ၊ ပရောဖက်ပြုချက်တွေကို ရှင်းလင်းပြတာတွေနဲ့ အံ့ဖွယ်နိမိတ်လက္ခဏာတွေကို ပြသတာတွေအပေါ် အားကိုးကြတယ်။ သူတို့ထဲက တချို့ဆိုရင် စာအုပ်တော်တော်များများလည်း ရေးသားထားကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ခရစ်တော်အတုအယောင်တွေရဲ့မိစ္ဆာအနှစ်သာရကို စေ့စေ့စပ်စပ်နားလည်အောင်လုပ်ပြီး၊ ဘယ်လို ပစ်ပယ်ကြမလဲ။ ပြီးတော့ ခရစ်တော်ရဲ့အနှစ်သာရကို သိပြီး၊ မင်္ဂလာ သတို့သားကိုကြိုဆိုကြတဲ့ ပညာရှိကညာပျိုတွေအဖြစ် ဘယ်လိုနေထိုင်သင့်လဲ။ ဒီရုပ်ရှင်ဇာတ်လမ်းတိုဟာ စစ်မှန်တဲ့ခရစ်တော်နဲ့ ခရစ်တော်အတုအယောင်တွေကြား ခွဲခြားခြင်းနဲ့ဆိုင်တဲ့ သမ္မာတရားရဲ့လက္ခဏာသွင်ပြင်ကို နားလည်လာစေပါလိမ့်မယ်။ ဒါမှလည်း သင်တို့အနေနဲ့ သခင်ယေရှုရဲ့ပြန်လာခြင်းကို ကြိုဆိုနိုင်လာကြမှာပါ။

အကြံပြုစာမျာ:

Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family