ဘုရားသခင်၏ စကားတော် | စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း

စစ်မှန်သော လူသားဆိုသည်မှာ အဘယ်နည်း

လူသားကို စီမံခန့်ခွဲခြင်းသည် ငါ၏အလုပ်ဖြစ်သည်။ ထို့အပြင် ငါ့အားဖြင့် သူသိမ်းပိုက်ခံရခြင်းသည် ကမ္ဘာကို ငါဖန်ဆင်းစဉ်က သာ၍ပင် အပ်နှင်းပေးခဲ့သော အရာဖြစ်သည်။ နောက်ဆုံးသောကာလတွင် ငါသည် လူများကို အပြည့်အဝ သိမ်းပိုက်မည်ဆိုခြင်းကို လူတို့မသိလောက်သကဲ့သို့ လူသားမျိုးနွယ်ထဲမှ ပုန်ကန်သူများကို သိမ်းပိုက်ခြင်းသည် စာတန်အပေါ် ငါအနိုင်ရခြင်း၏ အထောက်အထားဖြစ်သည် ဆိုခြင်းကိုလည်း သတိမပြုမိကြလောက်ပေ။ သို့သော် ငါ၏ရန်သူသည် ငါနှင့်စစ်ပွဲဖြစ်စဉ်က၊ စာတန်၏ ချုပ်နှောင်ဖမ်းသွားခြင်း ခံခဲ့ရပြီး ၎င်း၏သားသမီးများနှင့် ၎င်း၏အိမ်ကိုစောင့်ပေးရသော သစ္စာရှိ အစေခံကျွန်များအဖြစ် ပြောင်းလဲခြင်းခံလိုက်ရသော သူများအပေါ် ငါသည် သိမ်းပိုက်သူဖြစ်မည်ဆိုခြင်းကို ငါမိန့်ခဲ့ပြီးသားပင်။ သိမ်းပိုက်သည်ဆိုခြင်း၏ မူလအဓိပ္ပာယ်သည် အနိုင်ရသည်ဟုဆိုလိုပြီး အရှက်တကွဲ အကျိုးနည်းခြင်းကို ကြုံတွေ့စေခြင်း ဟုလည်းဆိုလိုသည်။ ဣသရေလ လူမျိုးများ၏ ဘာသာစကားအရ အပြည့်အဝ အနိုင်ရကာ ဖျက်ဆီးခံရ၍ ငါ့အပေါ် ရှေ့ဆက်ဆန့်ကျင်ခုခံနိုင်စွမ်း မရှိတော့အောင် လုပ်ခြင်းဟုဆိုလိုသည်။ သို့သော် ယနေ့ခေတ်၌ သင်တို့ လူသားများအသုံးအရ ၎င်း၏အဓိပ္ပာယ်မှာ သိမ်းပိုက်ခြင်းဖြစ်သည်။ ငါ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ်၏မာရ်နတ်အား၊ ငါ၏အမှုကို နှောင့်ယှက်ခြင်း၊ သို့မဟုတ် အစီအစဉ်ပျက်စေခြင်းပြုရန် ထွက်သက်ဝင်သက်ရှိရန်မဆိုနှင့်၊ ငါ့ကိုဆန့်ကျင်ပုန်ကန်ခြင်း မပြုစေနိုင်တော့ရန် လုံးဝ ဇီဝချုပ်ငြိမ်းစေ၍ အပြီးအပိုင် ချေမှုန်းရန်ဖြစ်သည်ကို သင်တို့သိသင့်သည်။ ထို့ကြောင့် လူသားနှင့်ပတ်သက်ပါက၊ သိမ်းပိုက်ခြင်းဟူသော အဓိပ္ပာယ်ရှိလာခဲ့သည်။ ဝေါဟာရဂယက်အနက်သည် မည်သို့ပင် ဖြစ်နေပါစေ ငါ၏အမှုမှာ လူသားမျိုးနွယ်ကို အောင်နိုင်ဖို့ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ငါ၏အမှုအတွက် အဖြည့်ခံတစ်ခု ဟုတ်သော်လည်း သာ၍တိကျစွာ ပြောရလျှင် လူသားမျိုးနွယ်သည် ငါ၏ရန်သူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ငါ့ကို ဆန့်ကျင်၍ မနာခံသော မာရ်နတ် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏ကျိန်ခြင်းခံထားရသော မာရ်နတ်၏ သားသမီးပင် ဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ့ကိုသစ္စာဖောက်ခဲ့သော ကောင်းကင်တမန်မင်းဆီက ဆင်းသက်လာသူမှလွဲ၍ အခြားမဟုတ်ပေ။ လူသားမျိုးနွယ်သည် ရှေးကတည်းက ငါရွံရှာစွန့်ပယ်ခဲ့ပြီး ထိုအချိန်မှစ၍ ငါနှင့် မည်သည့်အခါမျှ မသင့်မြတ်နိုင်သော ရန်သူဖြစ်နေခဲ့သည့် မာရ်နတ်ဆိုး၏ အမွေအနှစ်ပင် ဖြစ်သည်။ လူသားမျိုးနွယ်အထက် ညို့မှိုင်းမည်းမှောင်နေ၍ အလင်းရောင် ခပ်ရေးရေးပင် သိပ်မရှိသော ကောင်းကင်ပြင်ကြီးသည် နိမ့်ကျလာပြီး၊ လူ့လောကထဲ နေထိုင်နေသောသူသည် မိမိမျက်နှာရှေ့ ဆန့်တန်းထားသော မိမိ၏လက်ကို မမြင်နိုင်စေရန်၊ သို့မဟုတ် ခေါင်းမပြီး ကြည့်သည့်အခါ နေမင်းကို မြင်နိုင်ခြင်း မရှိစေရန်၊ လူ့လောကကြီးမှာ ပိန်းပိတ်အောင် မည်းမှောင်နေသည့် အမှောင်ထုအတွင်း ကျရောက်စေခြင်း ခံရ၏။ သူ၏ခြေအောက်က လမ်းသည်လည်း ရွှံ့နွံထူထပ်ကာ ကျင်း၊ ချိုင့်တို့ ပေါများလျက် နှိပ်စက်ကလူပြုသည်အထိ ကောက်ကွေ့လှသည်။ မြေတစ်ပြင်လုံးတွင်လည်း အလောင်းကောင်များ ပြန့်ကျဲနေ၏။ မှောင်မည်းနေသော ထောင့်နေရာများတွင်မူ အသေကောင်ရုပ်ကလာပ်များနှင့် ပြည့်နေပြီး၊ အေးစက်၍ အရိပ်ကျသော ထောင့်နေရာများတွင်မူ နတ်ဆိုးအစုလိုက်အအုံလိုက် နေထိုင်နေကြသည်။ လူသားကမ္ဘာ၏ နေရာအနှံ့တွင် နတ်ဆိုးများသည် အုံလိုက်ကျင်းလိုက် သွားလာလှုပ်ရှားနေကြသည်။ အညစ်အကြေးများနှင့် ဖုံးလွှမ်းနေသော သားရဲမျိုးစုံ၏ သားသမီးများသည် ပြင်းထန်သော တိုက်ပွဲ၌ ပိတ်မိနေကြ၍ ထိုတိုက်ပွဲ၏အသံသည် စိတ်နှလုံးကိုပင် တုန်လှုပ်ခြောက်ခြားသွားစေ၏။ ယင်းကဲ့သို့ အချိန်များတွင်၊ ယင်းသို့သောလောကကြီးနှင့် ယင်းကဲ့သို့ “လောက ပရဒိသုဘုံ” တွင် လူတစ်ယောက်သည် ဘဝ၏ ကြီးစွာသော ပျော်ရွှင်မှုမျိုးကို အဘယ်မှာ သွားရှာရမည်နည်း။ ဘဝ၏ပန်းတိုင်ကို ရှာတွေ့ရန် အဘယ်ကို သွားရမည်နည်း။ ရှေးကတည်းက စာတန်၏ ခြေအောက်၌ နင်းခြေခြင်းခံခဲ့ရသော လူသားမျိုးနွယ်သည် အစကတည်းက စာတန်၏သဏ္ဌာန်ကို ဆောင်ထားသော သရုပ်ဆောင်ဖြစ်သည်။ ထို့ထက်ပို၍ပင် စာတန်ကို သိသာထင်ရှားစွာ သက်သေခံပေးသော စာတန်၏ပြယုဂ်ဖြစ်သည်။ ဤကဲ့သို့ ကိုယ်ကျင့်တရားပျက်နေသော အညစ်အကြေးကောင်များ၊ ပျက်စီးနေသော လူမိသားစု၏ သားသမီးများသည် ဘုရားသခင်အတွက် အဘယ်သို့ သက်သေခံနိုင်မည်နည်း။ ငါ၏ဘုန်းအာနုဘော်သည် အဘယ်ကလာသနည်း။ ငါ၏သက်သေကို မည်သည့်နေရာမှ စ၍ပြောနိုင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ငါ့ကိုဆန့်ကျင်သည့်ရန်သူသည် ကာလကြာမြင့်စွာက ငါဖန်ဆင်းခဲ့ကာ ငါ၏ဘုန်းအာနုဘော်၊ ငါ၏အသက်ရှင်ခြင်းတို့နှင့် ပြည့်နေခဲ့သည့် လူသားမျိုးနွယ်ကို သိမ်းယူကာ ညစ်ပေစေခဲ့ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ဘုန်းအာနုဘော်ကို လုယူသွားခဲ့ကာ စာတန်၏ အရုပ်ဆိုးအကျည်းတန်မှုများနှင့် အကြီးအကျယ်ဖွဲ့နှောင်ထားသော အဆိပ်များ၊ ကောင်းမကောင်းကို သိကျွမ်းစေသော အပင်၏အသီးမှ အရည်တို့နှင့် လူသားကို ပြည့်ဝစေခဲ့ပြီ။ အစအဦး၌ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် ပုံရိပ်၊ ပုံသဏ္ဌာန်နှင့် ပြည့်စုံခဲ့ပြီး အားမာန်၊ တက်ကြွမှုတို့နှင့် ပြည့်လျှံနေခဲ့သည်။ Read More »