ဘုရားသခင်၏ ပြောဆိုသံ|သတိပေးချက် သုံးချက်

ဘုရားသခင်၏ ပြောဆိုသံ|သတိပေးချက် သုံးချက်

ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာအားလုံးထက် ဘုရားသခင်အား သစ္စာစောင့်သိကာ အရာအားလုံးတွင် ကိုယ်တော်၏ အလိုတော်ကိုလိုက်နာ သင့်ပေသည်။ သို့ရာတွင် ဤသြဝါဒကို လူတိုင်းနားလည်သော်ငြားလည်း လူသားနှင့်ပတ်သက်လာလျှင် လူသား၏အမျိုးမျိုးသော ဖိစီးနှိပ်စက်မှုများဖြစ်သည့် မသိနားမလည်မှု၊ ရယ်ဖွယ်ကောင်းမှု၊ ပျက်စီးမှုတို့ကြောင့် အပေါ်လွင်ဆုံးနှင့် အခြေခံအကျဆုံး ဤသမ္မာတရားများကို လူသားထံတွင် ပြည့်စုံစွာ မြင်ရနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သင်တို့၏ ဆုံးခန်းအပေါ် ဆုံးဖြတ်ချက် မချမီ သင်တို့အတွက် အရေးအကြီးဆုံးဖြစ်မည့်အရာ အနည်းငယ်ကို ငါပြောမည်။ ငါရှေ့ဆက်မပြောမီ သင်တို့ ဦးစွာနားလည်ထားရမည်မှာ- ငါပြောသည့် နှုတ်ကပတ်တော်များသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော သမ္မာတရားများဖြစ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစား တစ်မျိုးတည်းအတွက်သာ ရည်ရွယ်ပြောခြင်းမဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ရှုထောင့်မှနေ၍သာမက ရိုးသားမှုနှင့် မမှိတ်မသုန်အာရုံစိုက်သော သဘောထားတစ်ရပ်ကို ထိန်းသိမ်းလျက် ငါ၏နှုတ်ကပတ်တော်များကို လက်ခံရန်အာရုံပြု သင့်ပေသည်။ ငါပြောသည့်နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း မပြုရသည့်အပြင် ငါ၏နှုတ်ကပတ်တော်အားလုံးကို မထီမဲ့မြင် မပြုရ။ သင်တို့ဘဝများ၌ သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့်ဆီလျော်မှုမရှိသည်ကို ငါတွေ့သောကြောင့် ငါသည် သင်တို့အား စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှ လွန်မြောက်ပြီး သမ္မာတရား၏ အစေခံသူများ ဖြစ်လာစေရန် အထူးတလည် မေတ္တာရပ်ခံနေခြင်းဖြစ်သည်။ သမ္မာတရားကို နင်းချေခြင်း၊ ဘုရားသခင်၏ အိမ်တော်၏ မည်သည့်ထောင့်ကိုမျှ မဖျက်ဆီးလေနှင့်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။ ယခု လက်ရှိအကြောင်းအရာအား ငါစတင်ပြောမည်-Read More »