ဘာသာရေးလောကတစ်ခုလုံးရှိ လူအများစုသည် သမ္မာကျမ်းစာကို အကောင်းဆုံး အဓိပ္ပါယ်ကောက်နိုင်စွမ်းရှိသူတို့သည် ဘုရားသခင်ကိုသိမြင်သူများ ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာကျမ်းစာ၏ အံ့ဖွယ်ရာများကို အဓိပ္ပါယ်ကောက်ပြီး ပရောဖက်ပြုချက်များကို ရှင်းလင်းပြနိုင်လျှင်၊ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် ကိုက်ညီသူများဖြစ်ပြီး ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်သည့်အပြင် သက်သေခံကြသူများဖြစ်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် လူအများသည် ထိုသို့သောလူမျိုးတို့ကို မျက်ကန်းတစ္ဆေယုံကြည်ပြီး ကိုးကွယ်ကြသည်။ ဒါကြောင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲတို့ရဲ့ သမ္မာကျမ်းစာရှင်းလင်းချက်များသည် ဘုရားသခင်ကို ဂုဏ်တင်ချီးမြှောက်ပြီး သက်သခံချက်များပဲလား။ အနန္တတန်ခိုးရှင် ပြောသည် “ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုတတ်သော ထိုသူများသည် သမ္မာကျမ်းစာကို နေ့စဉ် ဖတ်ရွတ်နေသည့်တိုင် ဘုရားသခင်အမှု၏ ရည်ရွယ်ချက်ကို မည်သူမျှ နားမလည်။ ဘုရားသခင်ကို မည်သူမျှ မသိကျွမ်းနိုင်သေးပဲ၊ ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း မည်သူမျှ တစ်ထပ်တည်းမကျပေ။ သူတို့သည် တန်ဖိုးမဲ့၍ ကိုယ်ကျင့်သိက္ခာ ကင်းမဲ့သူများဖြစ်ကာ ဘုရားသခင်ကိုပင် သွန်သင်ရန် အမြင့်တွင် ကိုယ်စီ ရပ်တည်နေကြ၏။ သူတို့သည် ဘုရားသခင်၏ နာမကို ကိုင်ဆောင်ပြတတ်သော်လည်း စိတ်ဆန္ဒမှာမူ ဘုရားသခင်ကို ဆန့်ကျင်တတ်ကြ၏” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏)။
အကြံပြုစာမျာ:
Myanmar Gospel Movie (နားခိုရာအိမ် ဘယ်မှာလဲ ) God Gave Me a Happy Family