ခရစ်ယာန်ဘာသာ ရုပ်ရှင်(ဧဝံဂေလိတရား သယ်ဆောင်လာသော တမန်)

ခရစ်ယာန်ဖြစ်သည့် ချန်ယီရှင်းသည် သခင်အား နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး နောက်ဆုံးသောကာလတွင် ပြန်လည်ကြွလာလာ သခင်ယေရှု၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကံကောင်းစွာဖြင့် ကြိုဆိုခွင့်ရသည်။ သူမသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှ လူသားတို့ကို ကယ်တင်ရန် ဘုရားသခင်၏ အရေးကြီးသော ဆန္ဒနှင့် ဖန်ဆင်းခံတစ်ယောက် အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်နှင့်ဝတ္တရားကိုလည်း နားလည်ခဲ့သည်။ ထို့ကြောင့် သူမသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံခြင်းနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းတို့ကို စတင်ပြုလုပ်ခဲ့သည်။ ဤသို့ပြုလုပ်ရင်းဖြင့် သူမသည် မြို့များ၊ နယ်များ၊ အများအပြားဆီသို့ ခရီးထွက်ခဲ့သည်၊ ဘာသာရေးအသိုင်းအဝိုင်းများ၏ ဖိနှိပ်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရသည့်အပြင် တရုတ်ကွန်မြူနစ်အစိုးရ၏ လိုက်လံဖမ်းဆီခြင်း၊ ဖိနှိပ်ခြင်းတို့ကိုလည်း ခံခဲ့ရသည်။ သူမသည် ဆင်းရဲဒုက္ခတွေ များပြားစွာ ခံယူရသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော် လမ်းညွှန်မှုအောက်တွင် သူမသည် အန္တရာယ်ကို မကြောက်မရွံ့ဖြင့် ရှေ့သို့ ရဲရင့်စွာ ချီတက်လျက် သူမ၏ တာဝန်ကို ဆက်လက်ထမ်းဆောင်သည်။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်)

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိဟု လူတို့က အမြဲယုံကြည်လေ့ရှိပြီး ဘုရားသခင်၏ အစီအမံကို နားလည်သဘောပေါက်သည့် ပုံစံနှင့် ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးသည် ကိုယ်တော့်မှာ လူ့လက်ခုပ်ထဲ ရှိဘိသည့်အလား ကျမ်းစာအရ အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြ၏။ လူသားများမှာ အစွန်းရောက်သည်အထိ မိုက်မဲကြပြီး အဆုံးစွန် ထောင်လွှားသော မာနကိုလည်း ပိုင်ဆိုင်ထားကြကာ အားလုံးမှာ ကြီးကြီးကျယ်ကျယ် စကားပရိယာယ်ကိုလည်း ပင်ကိုတတ်နေကြ၏။ ဘုရားသခင်နှင့် ပတ်သက်ပြီး မည်မျှပင် သင်သိနေစေကာမူ၊ သင်သည် ဘုရားသခင်ကို မသိကျွမ်း၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနိုင်သူ တစ်ယောက်မျှမရှိ၊ ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသောလမ်းကို လိုက်မလျှောက်နိုင်၊ ဘုရားသခင်၏ လုပ်ဆာင်ချက်ကိုလည်း အဆုံးစွန်မလိုက်နာနိုင်သောကြောင့် သင်သည် ဘုရားသခင်အား ပြစ်မှားမိပြီဟု ငါပြောမည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့၏ လုပ်ဆောင်ချက်များအပေါ် မည်သည့်အခါမျှ ကျေနပ်တော်မမူနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်း၊ ထင်မြင်ယူဆချက်များ များစွာရှိကာ၊ လက်တွေ့အမှန်တရားနှင့် ချိန်ထိုးလိုက်နာရမည့်အစား ဘုရားသခင်နှင့် ပတ်သက်ပြီး သူ၏သိကျွမ်းခြင်းမှာ ဒီပုတ်ထဲက ဒီပဲသာဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်း မရှိဘဲ တယူသန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဘုရားသခင်သည် ကမ်ဘာမြေကြီးသို့ ဆင်းကြွလာမည်ဆိုပါက လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများမှ သံမှိုဆွဲနှက်ရိုက်ထားခြင်းကို ခံရဦးမည်ပင် ဖြစ်သည်။ … ဘုရားသခင်ကို ကားတိုင်တော်ပေါ်တွင် နောက်တစ်ဖန်သံမှိုဆွဲနှက်ကြသော သူများထဲတွင် သင်ပါဝင်နေသလော။ အဆုံးသတ်အနေဖြင့် ငါပြောကြားမည်၊ ‘ဘုရားသခင်ကို ကားတိုင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။

ဆက်သွယ်မှုများ

ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဘုရားသခင်နှင့်ပတ်သက်၍ သင်မည်သို့ နားလည်သနည်း)

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော် ဖြစ်ရုံမက ထိုဝိညာဉ်တော်သည် ခုနစ်ဆ ပြင်းထန်သည့် ဝိညာဉ်တော်၊ ခပ်သိမ်းသောအရာတို့ကို လွှမ်းခြုံထားသော ဝိညာဉ်တော်ဖြစ်ကာ လူသားတစ်ဦး၊ လူသာမန် တစ်ဦး၊ အထူးပင် သာမညဖြစ်သော လူသားတစ်ဦးလည်းဖြစ်၏။ သူသည် အမျိုးသားဖြစ်ရုံမက အမျိုးသမီးလည်း ဖြစ်၏။ ၎င်းတို့သည် လူသားများတွင် မွေးဖွားကြသဖြင့် အလားတူကြကာ တစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသနေ္ဓစွဲယူပြီး အခြားတစ်ဦးသည် လူသားတစ်ဦးတွင် မွေးဖွားသော်လည်း ဝိညာဉ်တော်မှ တိုက်ရိုက်ဆင်းသက် လာသဖြင့် ကွဲပြားကြ၏။ ၎င်းတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ ဇာတိပကတိဖြစ်ကာ အဖဘုရားသခင်၏ အမှုကို ထမ်းဆောင်သဖြင့် ဆင်တူကြကာ တစ်ဦးမှာ ရွေးနုတ်ကယ်တင်သည့် အမှုကို ဆောင်ရွက်၍ အခြားတစ်ဦးမှာ သိမ်းပိုက်အောင်မြင်သည့် အမှုကို ဆောင်ရွက်သဖြင့် ကွဲပြားကြ၏။ နှစ်ဦးစလုံးသည် အဖဘုရားသခင်ကို ကိုယ်စားပြုသော်လည်း တစ်ဦးသည် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာခြင်းတို့နှင့် ပြည့်နှက်နေသော ရွေးနုတ်ကယ်တင်ခြင်း၏ သခင်ဖြစ်ကာ အခြားတစ်ဦးမှာ ဒေါသနှင့် တရားစီရင်ခြင်းတို့နှင့် ပြည့်နှက်နေသော ဖြောင့်မတ်ခြင်း၏ ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်း အမှုကို စတင်ရန် အဓိပတိတပ်မှူးဖြစ်ကာ အခြားတစ်ဦးသည် သိမ်းပိုက် အောင်မြင်ခြင်း အမှုကို ပြီးဆုံးရန် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်၏။ တစ်ဦးသည် အစဖြစ်ကာ ကျန်တစ်ဦးသည် အဆုံးဖြစ်၏။ တစ်ဦးသည် အပြစ်မဲ့သော ဇာတိပကတိဖြစ်ကာ အခြားတစ်ဦးသည် ရွေးနုတ်ကယ်တင်ခြင်းကို ပြီးဆုံးစေပြီး အမှုကို ဆက်လက်ဆောင်ရွက်ကာ မည်သည့်အခါမျှ အပြစ် မဟုတ်သည့် ဇာတိပကတိဖြစ်၏။ နှစ်ဦးစလုံးသည် ဝိညာဉ်တော် တစ်ခုတည်းသာ ဖြစ်သော်လည်း ကွဲပြားသော သွေးသားခန္ဓာများတွင် ကျိန်းဝပ်နေကြကာ ကွဲပြားသော နေရာများတွင် မွေးဖွားကြ၏။ ထို့အပြင် ၎င်းတို့သည် နှစ်ပေါင်း ထောင်ပေါင်းများစွာ ခြားနေကြ၏။ သို့သော် ၎င်းတို့၏အမှု ခပ်သိမ်းသည် အပြန်အလှန် ပံ့ပိုးနေကြကာ မည်သည့်အခါမျှ ပဋိပက္ခမဖြစ်ဘဲ တစ်ချိန်တည်းတွင် ထိုအမှုများအကြောင်းကို ပြော၍ရသည်။ ၎င်းတို့နှစ်ဦးစလုံးသည် လူသားများဖြစ်သော်လည်း တစ်ဦးသည် သားယောက်ျားလေး ဖြစ်၍ အခြားတစ်ဦးသည် မွေးကင်းစ မိန်းကလေးဖြစ်၏။”

ဆက်သွယ်မှုများ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– ဘုရားသခင်၏ တဲတော် လူတို့အကြားမှာရှိနေခြင်း

 

ခရစ်ယာန်သီချင်း | ဘုရားသခင်၏အမိန့် အာဏာအောက်မှာ စာတန်ဟာဘယ်အရာကိုမှ မပြောင်းလဲနိုင်ပါ


နှစ်တွေဘယ်လောက်ကြာ ထောင်ပေါင်းများစွာ
စာတန်ဟာလူသားကိုဖျက်ဆီးခဲ့ပြီ
ဆိုးသွမ်းခြင်း မြောက်များစွာဖြစ်စေတယ်
မျိုးဆက်များစွာ လူသားများဟာ သူ့လှည့်ဖြားခြင်း ခံခဲ့ရ တာ
အိုး… ပြစ်မှုဘယ်လောက်ထိများ
ကြောက်မက်ဖွယ် ပြစ်မှုများ စာတန်ဟာ ကမ္ဘာမှာ လုပ်ဆောင်ခဲ့ပြီလဲ
ဘုရားသခင်ကို တိုက်ခိုက်စေဖို့ လူသားများအားတိုက်တွန်းလို့နေခဲ့
အသုံးချပြီး လှည့်ဖြားခဲ့ပြီ
ဘုရား၏စီမံခန့်ခွဲမှု အစီအစဉ်တွေကို ဖျက်ဆီးဖို့ရန် ကြံစည်
စာတန်ဟာ ဘုရားသခင် ဖန်ဆင်းထားခဲ့သော
အရာများကြား လျှောက်ကာသွားနိုင်ပါသော်လည်း
လူသားများ အခြေအနေများကို အနည်းငယ်မျှပင် မပြောင်းလဲစေနိုင်ပါ
စာတန်ဟာ ဘုရားသခင် ဖန်ဆင်းထားခဲ့သော
အရာများကြား လျှောက်ကာသွားနိုင်ပါသော်လည်း
စာတန်သည်ဘဝတစ်ခုကိုမျှ သူသည်မပြုပြင်နိုင်
သည့်အပြင်ပြောင်းလဲဖို့မတတ်နိုင်
ဘုရားသခင်၏ အာဏာ ကွပ်ကဲမှု အောက်၌
ဘယ်အရာမှ ပြောင်းလဲခြင်းမလုပ်နိုင်ပါRead More »

ဧဝံဂေလိတရားဗီဒီယို (ရွာကိုပိတ်ဆို့ထားခြင်း)

“ရွာအားပိတ်ဆို့လိုက်ခြင်း” ဟာသစကားပြောပွဲသည် အဒေါ်ဖြစ်သူနှင့် ဧဝံဂေလိတရားမျှဝေနေစဉ် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ သူလျှိုများမှ နောက်ယောက်ခံလိုက်ပြီး အဖမ်းခံရလုနီးနီးဖြစ်ခဲ့သည့် ခရစ်ယာန်တစ်ယောက်ဖြစ်သူ ယန်မင်၏ ဇာတ်လမ်းဖြစ်သည်။ သရုပ်ဆောင်နှစ်ယောက်တို့သည် ဧဝံဂေလိတရားကို ဟောကြားသူ တရုတ်နိုင်ငံရှိ ခရစ်ယာန်များခံစားရသည့် ဆင်းရဲဒုက္ခတို့ကို ပြသလျှက် ရှင်းလင်း၍ ရယ်ရွှင်စရာ တင်ဆက်မှုဖြင့် တင်ဆက်ထားပါသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဘာသာရေးယုုံကြည်မှုများကို တိုက်ခိုက်ခြင်းနှင့် ဖိနှိပ်ခြင်းနည်းဗျူဟာတို့သည် ဆိုးဝါးပါသည်။သူတို့၏ လှည့်ကွက်များသည် အလွန်များပြားပြီး နေရာတိုင်းတွင်း စောင့်ကြပ်ကြည့်ရှုမှုများရှိသည်။ သေးငယ်သည့်ရွာလေးများပင် ယခု သတိကြီးစွာထားနေရသည်။ အစိုးရ၏ သူလျှိုများသည် အပြင်လူများအား သိမ်းငှက်များကဲ့သို့ စောင့်ကြည့်နေသည်။ သူတို့က သေချာရှာဖွေစုံစမ်းကြပြီး ခရစ်ယာန်များစုဝေးခြင်း၊ တရားဟောခြင်းတို့ကို ပြင်းထန်စွာ ကန့်သတ်ထားသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ သူတို့အားမည်မျှပင် ရူးသွပ်စွာ နှိပ်ကွပ်ပါစေ၊ ခရစ်ယာန်များသည် ဘုရားသခင်မှ သူတို့အားပေးအပ်ထားသည့် ဉာဏ်ပညာနှင့်ယုံကြည်ခြင်းတို့ကို အမှီပြုပြီး ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရားအား ဖြန့်ဝေကြဆဲဖြစ်သည်။

ဆောင်ရွက်မှုများ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ကယ်တင်ခြင်း

 

အသက်ဂီတ (ဘုရားသည် လူတွေကြား အမှန်ပင် ဆင်းကြွလာခဲ့ပြီ)

လူသားတို့မျိုးနွယ်အဆုံးသတ်မှုကို ဘုရားသခင် ဆောင်ယူလာပြီး
လူသားတို့အား သူ့စိတ်သဘောကို ကုန်စင်အောင် ဖော်ပြလိမ့်မည်
ဘုရားသခင်ကို သိသောသူ မသိသောသူအားလုံးကို ကြည့်ရှုပြီး
ခပ်သိမ်းသောအရာ ရှင်သန်ပေါက်ဖွားရာ
ကမ္ဘာမြေ ပေါ် လူများကြားမှာ ဆင်းကြွ မြင်တွေ့ရ
ဘုရားရဲ့အစီအမံ
လူကို ဖန်ဆင်းကတည်းက တစ်ခုတည်းသော ဘုရားဖော်ပြချက်ပါRead More »

ဧဝံဂေလိတရားဗီဒီယို(လှောင်အိမ်မှ ထွက်ပြေးလွတ်မြောက်ခြင်း)

ဟာသစကားပြောပွဲဖြစ်သည့် “လှောင်အိမ်မှထွက်ပြေးလွတ်မြောက်ခြင်း”တွင် ခရစ်ယာန်တစ်ယောက်ဖြစ်သည့်ရှောင်လန်သည် သူမ၏ အဖေ ကွန်မြူနစ်ပါတီအရာရှိဖြစ်သူ၏ နှိပ်စက်ညှင်းပန်းခြင်းနှင့် သူမ၏အိမ်တွင် သော့ခတ်ပြီးပိတ်ထားခြင်းခံရပုံ၊ သူမသည် အသင်းတော်အသက်တာတွင် ပါဝင်ခြင်းမရှိနိုင်တော့ခြင်း၊ သူမ၏ အိမ်မှအဝေးသို့ ထွက်ပြေးလွတ်မြောက်ခြင်း အတွေ့အကြုံ ဇာတ်လမ်းတို့ကို ဖော်ပြထားသည်။ တစ်ချိန်ကပျော်ရွှင်ခဲ့ရသည့် မိသားစု ပြိုကွဲခဲ့ရသည်။ သမီးဖြစ်သူက အမေကို ထားခဲ့ရပြီး သူမ၏အဖေသည် သူမအပေါ် အလွန်စိတ်နာခဲ့သည်။ အဓိကစီမံဖန်တီးသူမှာ မည်သူဖြစ်သနည်း။ ရှောင်လန်အား ယုံကြည်ခြင်းနှင့် အားအင်တို့ကိုပေးပြီး သူမ၏ လှောင်အိမ်မှ လွတ်မြောက်စေ၍ အသက်တာတွင် မှန်ကန်သည့်လမ်းကိုလျှောက်လှမ်းစေခဲ့သူမှာ မည်သူနည်း။

အကြံပြုစာမျာ: ဘုရားသခင်၏ နိုင်ငံတော်ကို ရှာဖွေလေ့လာခြင်း

ဘုရားသခင်၏ နှုတ်ကပတ်တော် (ဘုရားသခင်သည် လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထား၏

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်သည် ဤကမ်ဘာကြီးကို ဖန်ဆင်းတော်မူခဲ့သည်၊ ဘုရားသခင်သည် ဤလူသားသတ္တဝါကို ဖန်ဆင်းတော်မူခဲ့သည်၊ ထို့အပြင် ကိုယ်တော်သည် ရှေးဂရိယဉ်ကျေးမှုနှင့် လူသားယဉ်ကျေးမှုတို့၏ ဗိသုကာလည်း ဖြစ်ခဲ့ပါသည်။ ဘုရားသခင်သည်သာ ဤလူသားများကို နှစ်သိမ့်မှုပေးပြီး ဘုရားသခင်သည်သာ ဤလူသားများကို နေ့ရောညပါ စောင့်ရှောက်လျက်ရှိပါသည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် အဆင့်ဆင့် တိုးတက်လာမှုဖြစ်စဉ်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာတော်မှ ခွဲထုတ်၍မရနိုင်သည့်အပြင် လူသားများ၏ သမိုင်းဖြစ်စဉ်နှင့် နောင်အနာဂတ်သည်လည်း ဘုရားသခင်၏ အကြံအစည်တော်များမှ ခွဲခြား၍ မရနိုင်ပါ။ သင်သည် ခရစ်ယာန်စစ်စစ်တစ်ဦး ဖြစ်ပါက မည်သည့်တိုင်းနိုင်ငံမဆို၏ တိုးတက်ခြင်းနှင့် ကျဆုံးခြင်းတို့မှာ ဘုရားသခင်၏ အကြံအစည်တော်များအရ ဖြစ်ကြောင်းကို သင် အသေအချာ ယုံကြည်ပါလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် တိုင်းနိုင်ငံတို့၏ ကံကြမ္မာကိုသိပြီး ဘုရားသခင်သည်သာ ဤလူသားတို့၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်ထားသည်။ အကယ်၍ လူသားတို့က ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ တိုင်းနိုင်ငံတစ်ခုက ကံကြမ္မာကောင်းကို ပိုင်ဆိုင်လိုလျှင်၊ လူသားများသည် ဘုရားသခင်ရှေ့တွင် ပျပ်ဝပ်ကိုးကွယ်လျက် နောင်တတရားဖြင့် အပြစ်များကို ဝန်ချတောင်းပန်ရမည် သို့မဟုတ်ပါက လူသားများ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်မှာ ကပ်ဘေးထဲ၌ မလွှဲမရှောင်သာ လမ်းဆုံးလိမ့်မည် ဖြစ်ပေသည်။”

ဆက်သွယ်မှုများ

ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖဘုရားသခင်၏ အလိုတော်ကိုဆောင်ခြင်း ဖြစ်သည်

စကြဝဠာတစ်ခွင်လုံး၌ နိုင်ငံတော်၏ ဧဝံဂေလိတရား ပျံ့နှံ့သွားမည်ဟု ပရောဖက်ပြုနေသည့် မိုးချုန်းသံခုနစ်ချက်

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ်ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ်ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။”

ဆက်သွယ်မှုများ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

ခရစ်ယာန်ဘာသာ ရုပ်ရှင်း(ကျော့ကွင်းကို ထိုးဖောက်ကျော်လွန်ခြင်း)

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ တွင်၊ သခင်ခရစ်တော်သည် ရွေးနှုတ်ခြင်း အမှုတော်အားလုပ်ဆောင် နေချိန် ၌၊ သူသည် ရိုင်းစိုင်းသော အသေရေဖျက်ခြင်း နှင့် ဂျူးဘာသာရေး အသိုင်းအဝိုင်းများ၏ ပြစ်တင်ဝေဖန် ရှုတ်ချခြင်းကို ခံစားခဲ့ရသည်။ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ရောမအစိုးရနှင့် အတူ တပ်ပေါင်းဖွဲ့ပြီး၊ သူ့အား ကားတိုင် ၌ သံရိုက်စီရင်ခဲ့သည်။ နောက်ဆုံးသော ကာလ၌ အနန္တတန်ခိုးရှင် ဘုရားသခင်၊ သခင်ယေရှုသည် သွေးသားခန္ဓာ ဖြင့်ပြန်လည် ကြွဆင်းလာကာ၊ တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်ရန်အတွက် တရုတ်ပြည်သို့ ရောက်ရှိလာခဲ့သည်၊ ဤတစ်ကြိမ်တွင် တရုတ်ကွန်မြူနစ်အစိုးရနှင့် ဘာသာရေး လောက၏ သွေးရူးသွေးတန်း ရှုတ်ချပြစ်တင်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ဖမ်းဆီးခြင်းတို့အား သူသည် ထပ်မံတွေ့ကြုံ ခံစားရသည်။ ပြန့်နှံ့နေသော ကောလဟလများနှင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပေါ် မှားယွင်းသော အယူအဆများ၊ တရားစီရင်ခြင်းနှင့် အသရေဖျက်မှုများသည် မမြင်နိုင်သော ကျော့ကွင်းကဲ့သို့ မရေမတွက်နိုင်သော ယုံကြည်သူများအား လွမ်းအုပ်ထားပြီး ထိန်းချုပ်ထားလျက်ရှိသည်။ သမိုင်း၏ အဖြစ်ဆိုးမှာ တကျော့ပြန်လည်လာခြင်းဖြစ်ပေသည်…

မြင်ကွင်းများ

Myanmar Christian Movie | တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)