Movie Clip ကိုယ်တော်ရှင်က တံခါးလာခေါက်နေပါတယ်။ ကိုယ်တော့်ရဲ့အသံတော်ကို သင် မှတ်မိနိုင်ပါသလား (၂)

သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏ လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။” (ရှင်ယောဟန် ၁၀:၂၇) ကိုယ်တော်ရှင်က ပြန်လည်ကြွရောက်တဲ့အခါ သူ့သိုးတွေကို ရှာဖွေမယ်လို့ မိန့်ဆိုနေတာဖြစ်မှန်း သိသာထင်ရှားပါတယ်။ ကိုယ်တော်ရှင် ကြွရောက်ခြင်းကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလုပ်ဆောင်ရမှာက ကိုယ်တော်ရဲ့အသံတော်ကို ကြားရအောင် ကြိုးစားဖို့ပါပဲ။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကိုယ်တော်ရဲ့အသံတော်ကို ဘယ်လိုမှတ်မိနိုင်မှာလဲ။ ဘုရားသခင်ရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကြားမှာ ဘယ်လိုခြားနားချက်ရှိလဲ။

များပြားသောအကြံပြုချက်များ

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်– နိုင်ငံတော်၏ ဧဝံဂေလိသတင်း

Movie Clip ကိုယ်တော်ရှင်က တံခါးလာခေါက်နေပါတယ်။ ကိုယ်တော့်ရဲ့အသံတော်ကို သင် မှတ်မိနိုင်ပါသလား (၁)

သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်ကြ၏ လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။” (ရှင်ယောဟန် ၁၀:၂၇) ကိုယ်တော်ရှင်က ပြန်လည်ကြွရောက်တဲ့အခါ သူ့သိုးတွေကို ရှာဖွေမယ်လို့ မိန့်ဆိုနေတာဖြစ်မှန်း သိသာထင်ရှားပါတယ်။ ကိုယ်တော်ရှင် ကြွရောက်ခြင်းကို စောင့်ဆိုင်းနေတဲ့အချိန်မှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလုပ်ဆောင်ရမှာက ကိုယ်တော်ရဲ့အသံတော်ကို ကြားရအောင် ကြိုးစားဖို့ပါပဲ။ ဒါပေမဲ့ လူတစ်ယောက်ဟာ ကိုယ်တော်ရဲ့အသံတော်ကို ဘယ်လိုမှတ်မိနိုင်မှာလဲ။ ဘုရားသခင်ရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကြားမှာ ဘယ်လိုခြားနားချက်ရှိလဲ။

ဆောင်ရွက်မှုများ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

ဘုရားသခင်၏ စကားတော်|ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ကယ်တင်လွတ်မြောက်ခြင်းအမှု, ခရစ်တော်, သမ္မာတရား, အသက်

လူအများကြား ဘုရားသခင်၏ အလုပ်တွင် လူသည် ဤအလုပ်၏ ပြုလုပ်ခံရသူဖြစ်ပြီး၊ ဘုရားသခင်ကို သက်သေခံနိုင်သည့် ဘုရားသခင် ဖန်ဆင်းထားသည့် တစ်ခုတည်းသော သတ္တဝါ ဖြစ်သောကြောင့် ထိုအလုပ်နှင့် လူသည် ခွဲ၍ မရပေ။ လူ၏ အသက်တာနှင့် လူ၏ လှုပ်ရှားမှုအားလုံးသည် ဘုရားသခင်နှင့် ခွဲ၍မရဘဲ ဘုရားသခင်၏ လက်များက အားလုံးကို ထိန်းချုပ်ထားကာ ဘုရားသခင်နှင့် ကင်းကွာပြီး မည်သည့် ပုဂ္ဂိုလ်မျှ မတည်ရှိနိုင်ဟုပင် ပြောနိုင်သည်။ ယင်းသည် အချက်အလက်အမှန်ဖြစ်၍ မည်သူမျှ ယင်းကိုမငြင်းနိုင်။ ဘုရားသခင်လုပ်ဆောင်သမျှ အလုံးစုံသည် လူသားအကျိုးအတွက် ဖြစ်ပြီး၊ စာတန်၏ အကြံအစည်များကို ဦးတည်သည်။ လူ၏ လိုအပ်ချက်အားလုံးသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်သည် လူသား၏ အသက်တာအတွက် အရင်းအမြစ်ဖြစ်သည်။ သို့ဖြစ်ရာ လူသည် ရိုးရှင်းစွာပင် ဘုရားသခင်မှ ခွဲထွက်နိုင်ခြင်း မရှိပေ။ ထို့အပြင် ဘုရားသခင်တွင်လည်း လူသားနှင့်ခွဲရန် မည်သည့်အခါမျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် လူသားမျိုးနွယ်အားလုံးအကျိုးအတွက်ဖြစ်ပြီး သူ၏ ကြံစည်ချက်များမှာ အစဉ်အမြဲ ကြင်နာမှုရှိသည်။ လူအတွက် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ အကြံအစည် (ယင်းမှာ ဘုရားသခင်၏ အလိုတော်ဖြစ်သည်) နှစ်ခုစလုံးတို့သည် လူတို့သိသင့်သော “ရူပါရုံများ” ဖြစ်သည်။ ယင်းရူပါရုံများသည်လည်း ဘုရားသခင်၏ စီမံခန့်ခွဲမှု ဖြစ်ပြီး လူသားတို့ လုပ်နိုင်စွမ်းမရှိသော အလုပ်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အလုပ်လုပ်ဆောင်ချိန်တွင် လူသားအပေါ် ဘုရားသခင်ထားရှိသည့် သတ်မှတ်ချက်များကို လူ၏ “လက်တွေ့လုပ်ဆောင်မှု”ဟု ခေါ်သည်။ ရူပါရုံများသည် ဘုရားသခင် ကိုယ်တော်တိုင်၏အလုပ် သို့မဟုတ် လူသားများအပေါ် သူ၏ အလိုတော် သို့မဟုတ် သူ့အလုပ်၏ ရည်ရွယ်ချက်များနှင့် ထင်ရှားချက်များ ဖြစ်သည်။ ဤစီမံခန့်ခွဲမှုသည် ဘုရားသခင်၏ အလုပ်ဖြစ်သဖြင့် ရူပါရုံများကို စီမံခန့်ခွဲမှု၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ပြောနိုင်ပြီး ထိုရူပါရုံများသည် လူသားအတွက် ရည်ရွယ်သည်။ ဆိုလိုသည်မှာ ယင်းအလုပ်သည် ဘုရားသခင်က လူအများကြားတွင် လုပ်သော အလုပ်ဖြစ်သည်။ ဤအလုပ်သည် ဘုရားသခင်ကို လူက သိလာသော အထောက်အထားနှင့် လမ်းကြောင်းဖြစ်ပြီး လူအတွက် အရေးအကြီးဆုံးလည်း ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အသိပညာကို အာရုံစိုက်မည့်အစား ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်သည့် အယူဝါဒများ သို့မဟုတ် လုံးဝအရေးမကြီးသော အသေးစိတ်များကိုသာ အာရုံစိုက်ကြမည်ဆိုပါက သူတို့သည် အကယ်ပင် ဘုရားသခင်ကို သိကြမည်မဟုတ်ဘဲ၊ ထိုမျှသာမက ဘုရားသခင်၏ စိတ်နှလုံးနှင့်လည်း ညီညွတ်ကြမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်သည် ဘုရားနှင့်ပတ်သက်သော လူ၏ အသိပညာကို အလွန်အထောက်အကူပြုပေးပြီး ယင်းကို ရူပါရုံများဟု ခေါ်သည်။ ယင်းရူပါရုံများသည် ဘုရားသခင်၏ အလုပ်၊ ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင် အလုပ်၏ ရည်မှန်းချက်များနှင့် ထင်ရှားချက်များဖြစ်သည်။ ယင်းတို့ အားလုံးသည် လူကို အကျိုးကျေးဇူး ရှိစေသည်။ လက်တွေ့လုပ်ဆောင်မှုဆိုသည်မှာ လူလုပ်သင့်သောအရာ၊ ဘုရားသခင်နောက်လိုက်သော သတ္တဝါများ လုပ်သင့်သောအရာကို ဆိုလိုသည်။ ယင်းမှာ လူ၏ တာဝန်လည်း ဖြစ်သည်။ လူသား လုပ်သင့်သော အရာသည် အစဦးကတည်းက လူသား နားလည်ခဲ့သော အရာမဟုတ်ဘဲ ဘုရားသခင်က သူ၏အလုပ်အတွင်း လူသားအပေါ် ထားရှိသော သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းသတ်မှတ်ချက်များသည် တဖြည်းဖြည်း နက်ရှိုင်းလာပြီး ဘုရားသခင် အလုပ်လုပ်သည်နှင့်အမျှ ပို၍မြင့်မားလာခဲ့သည်။ ဥပမာ၊ ပညတ်တော်ခေတ်တွင် လူသည် ပညတ်တော်ကို လိုက်နာရပြီး ကျေးဇူးတော်ခေတ်တွင် လူသားသည် လက်ဝါးကပ်တိုင်ကို ထမ်းခဲ့ရသည်။ နိုင်ငံတော်ခေတ်တွင်မူ ကွာခြားသည်။ လူသားအပေါ် သတ်မှတ်ချက်များသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်များအတွင်းကထက် ပိုမိုမြင့်မားသည်။ ရူပါရုံများသည် ပိုမို မြင့်မားလာသည်နှင့်အမျှ၊ လူသားအပေါ် သတ်မှတ်ချက်များသည်လည်း ပိုမြင့်လာပြီး ယခင်ကနှင့် မတူအောင်ရှင်းလင်းလာကာ ပို၍စစ်မှန်လာသည်။ အလားတူပင် ရူပါရုံများသည်လည်း တိုး၍ စစ်မှန်လာသည်။ ယင်းစစ်မှန်သော ရူပါရုံ အများအပြားသည် လူသား၏ ဘုရားသခင်အား နာခံခြင်းကို အားဖြည့်ပေးရုံသာမက၊ ဘုရားသခင်နှင့်ပတ်သက်သော သူ၏ အသိပညာကိုလည်း ပိုမို အားဖြည့်ပေးသည်။Read More »

ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ပြီးမိန့်ဆိုသည်ကို ကြားရတဲ့အတွက် ခရစ်ယာန်ဘာသာဝင်တွေဟာ နိုးထလာကြပါပြီ

သခင်ယေရှုက “နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) ယခုနှစ်များအတွင်းမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဟာ သခင်ယေရှု ပြန်လည်ကြွရောက်နေပြီဖြစ်ကြောင်းနဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ဖို့အတွက် ကိုယ်တော်ဟာ နှုတ်ကပတ်တော်တွေကို မိန့်ဆိုထားကြောင်း မပြတ်တမ်း သက်သေခံထားပါတယ်။ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေ၊ သင်းထောက်တွေကတော့ ဘုရားရဲ့သိုးတွေကို ကာကွယ်ဟန်ပြုပြီး၊ ယုံကြည်သူတွေကို စစ်မှန်သောလမ်းကို မစူးစမ်းမရှာဖွေအောင်၊ ဘုရားရဲ့အသံတော်ကို မကြားအောင် ပိတ်ဆို့ဖို့ အစွမ်းကုန်ကြိုးစားကြတယ်။ ဒီကိစ္စကို ချဉ်းကပ်ရာမှာ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ ဘယ်လိုရွေးချယ်မှုကို ပြုကြမှာလဲ။

အကြံပြုစာမျာ: အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်၏ သိုးထိန်းဖြစ်သည်

Gospel Movie Clip (ကိုယ်တော်ရှင် ကြွချီလာခြင်းကိုကြိုဆိုရာမှာ အလွယ်တကူအလုပ်တတ်ဆုံးအမှားတွေက ဘာတွေလဲ)

သင်းအုပ်ဆရာနဲ့သင်းထောက်လူကြီးတွေ ပြောကြတဲ့ “ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ၊ အမှုတော်တွေအားလုံးဟာ သမ္မာကျမ်းစာထဲမှာပဲရှိတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှန်သမျှက သမ္မာကျမ်းစာပြင်ပမှာ ပေါ်ပေါက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဆိုတာကို ဘာသာရေးအသိုင်းအဝိုင်းက ယုံကြည်သူအများအပြားဟာ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြောဆိုချက်ဟာ သမ္မာကျမ်းစာကို အခြေခံတာလား။ သခင်ယေရှုက ဒီလိုစကားတွေကို ပြောခဲ့လို့လား။ ဗျာဒိတ်ကျမ်းထဲမှာတော့ ဒါကို ကြိမ်ဖန်များစွာ ပရောဖက်ပြုခဲ့ပါတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည်ကား ကြားပါစေ”။ ကိုယ်တော်ရှင်ရဲ့နှုတ်ကပတ်တော်တွေဟာ သိပ်ကိုရှင်းလင်းစွာ ဖွင့်ဆိုပြထားတာပါ။ နောက်ဆုံးသောကာလမှာ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ၊ သူက ထပ်မံမိန့်ဆိုလိမ့်မယ်။ ကိုယ်တော်ရှင် ကြွလာခြင်းကိုကြိုဆိုတဲ့ကိစ္စမှာတော့ သမ္မာကျမ်းစာကနေ ကင်းကွာခြင်းမရှိဘဲ၊ အသင်းတော်တွေကို ဝိညာဉ်တော်က မိန့်ဆိုတဲ့အရာကိုလည်း မရှာဖွေဘူးဆိုရင်၊ ကျွနု်ပ်တို့ဟာ ကိုယ်တော်ရှင် ကြွလာခြင်းကို ကြိုဆိုနိုင်မှာတဲ့လား။

အကြံပြုစာမျာ: ရှေ့အရပ်မှ လျှပ်ပြက်ခြင်း– ကယ်တင်ခြင်း၏ အလင်း

Gospel Movie Clip ကိုယ်တော်ရှင် ကြွချီလာခြင်းကို ကြိုဆိုဖို့ အရေးကြီးဆုံး လက်တွေ့လုပ်ဆောင်ရမှာက ဘာလဲ

သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” (ရှင်ယောဟန် ၁၀:၂၇) လို့ သခင်ယေရှုက ပြောခဲ့ပါတယ်။ ဗျာဒိတ်ကျမ်းမှာလည်း ကြိမ်ဖန်များစွာ ယခုလို ပရောဖက်ပြုထားပါတယ်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည်ကား ကြားပါစေ”။ ဝိညာဉ်တော်ရဲ့အသံနဲ့နှုတ်ကပတ်တော်တွေဟာ ကိုယ်တော်ရှင်ရဲ့အသံတော်ဖြစ်ပြီး၊ ဘုရားသခင်ရဲ့သိုးတွေကသာ ဘုရားသခင်ရဲ့အသံတော်ကို နားထောင်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကိုယ်တော်ရှင် ပြန်လည်ကြွရောက်ခြင်းကို ကြိုဆိုဖို့၊ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ အရေးကြီးဆုံးလက်တွေ့လုပ်ဆောင်ရမှာက ဘာလဲ။

ဆောင်ရွက်မှုများ ဘုရားသခင်၏ ခြေရာကို ရှာဖွေလေ့လာခြင်း- အရှေ့အရပ်မှ လျှပ်ပြက်ခြင်း

Myanmar New Gospel Song (အားလုံးအတွက် ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု)

အားလုံးအတွက်
ဘုရားသခင်ရဲ့ ပြည့်စုံသော စောင့်ရှောက်မှု
ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ အာဏာနှင့်မေတ္တာ
ဘုရားသခင်ရဲ့အနှစ်သာရနှင့် ပင်ကိုစိတ်အလုံးစုံကို
အမှုတော်ဆောင်ရွက်ချိန်တိုင်း ထင်ရှားသည်
လူသားတို့ဘဝတွင် ပြည့်စုံစေသော
လူသားတို့အတွက် သူ့အလိုတော်တွင် မြင်ရသည်
ကိုယ်တိုင်ခံစားရသည်ဖြစ်စေ မခံစားရသည်ဖြစ်စေ
ဘုရားသခင်သည် လူတိုင်းကို အဘက်ဘက်မှစောင့်ရှောက်သည်
စစ်မှန်မှု၊ ဉာဏ်ပညာ၊ နည်းမျိုးစုံဖြင့်
နှလုံးသားကို နွေးထွေးစေကာ ဝိညာဉ်ကိုနိုးကြားစေသည်
ဒီနေ့အတွက် ထာဝရအတွက် အမှန်ပင်ဖြစ်သည်Read More »

ခရစ်ယာန်သီချင်း(ဘုရားအလိုတော် လူသားတိုင်းသိမြင်ပြီ)

လူကိုဖန်ဆင်းရာမှ
ဘုရား၏ ပင်ကိုစိတ်၊ သူ၏ဖြစ်ခြင်း အလုံးစုံနှင့် အလိုတော်တို့
လူတိုင်းအား သိမြင်စေ၍ အကုန်အစင်ဖွင့်ဟ

ကိုယ်တော်သည် ဘယ်တော့မှ အနှစ်သာရ
ပင်ကိုစိတ်နှင့် အလိုတော်ကို အကြောင်းမဲ့မဖုံးကွယ်
လူတွေ ဘုရားရဲ့လက်ရာ အလိုတော်ကို ဂရုမစိုက်လို့
ဘုရားရဲ့အကြောင်း လူတွေသိနားလည်မှု အလွန်အားနည်းRead More »

Myanmar Kingdom of God Is On Earth(အိပ်မက်မှ နိုးထလာခြင်း) The Kingdom of God Is On Earth

ယုဖန်း သည် သခင်ယေရှုကို ယုံကြည်သော အခြားသောသူများကဲ့သို့ပင် ဖြစ်သည်၊ သခင်ယေရှု လက်ဝါးကပ်တိုင်တွင် အသတ်ခံရသည့်အခါ သူသည် လူသားတို့၏ အပြစ်များကို ခွင့်လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သူမသည် သူမ၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ရရှိခဲ့ပြီး သူမအနေဖြင့် အရာခပ်သိမ်းကို စွန့်ကာ သခင့်အတွက် ကြိုးစားလုပ်ဆောင်သမျှ ကာလပတ်လုံး သခင်ယေရှု တဖန်ပြန်ကြွလာသည့်အခါ သူမသည် ကောင်းကင်နိုင်ငံတော်သို့ ကျိန်းသေ ဝင်ရောက်ရလိမ့်မည်ဟု သူမ ထင်မြင်သည်။ သို့သော်လည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များက သံသယများကို ဖြစ်ပေါ်စေသည်၊ သခင့်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းကို ခံခဲ့ရပြီး သခင့်အတွက် စွန့်လွတ််အနစ်နာခံမှုများကို ပြုပြီး ကျွန်ုပ်တို့ကိုယ်ကို အသုံးပြုနိုင်သော်လည်း ကျွန်ုပ်တို့သည် မကြာခဏ အပြစ်ပြုပြီး သခင်ဘုရားအား အတိုက်အခံလုပ်ကြသည်။ ကျွန်ုပ်တို့သည် ဤပုံစံဖြင့် ကောင်းကင်နိုင်ငံတော်သို့ အမှန် ဝင်ရောက်နိုင်သလော။ …ယုဖန်းသည် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှ သက်သေခံများနှင့် မိတ်သဟာယဖွဲ့ပြီး အချေအတင်ဆွေးနွေးမှုများ ပြုပြီးနောက် သူမသည် သခင်ဘုရား ကြွလာခြင်း နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခြင်း၏ နက်နဲခြင်းအရာတို့ကို နားလည်လာပြီး နောက်ဆုံးတွင် သူမ၏ အိပ်မက်မှ နိုးထလာတော့သည် …

ဆောင်ရွက်မှုများ

နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်

Christian Movie 2018 (ဘယ်သူက ဘုရားသခင်ကို လက်ဝါးကပ်တိုင်မှာသံနဲ့ထပ်ပြီးရိုက်နေတာလဲ)

ကူရှိုချန်းဟာ တရုတ်နိုင်ငံက အိမ်ဘုရားကျောင်းတစ်ခုမှာ သင်းအုပ်ဆရာဖြစ်ပါတယ်။ သူဟာ နှစ်ပေါင်းများစွာ သခင့်ကို ယုံကြည်သက်ဝင်ပြီး တရားဟောချက်များကို တစ်သမတ်တည်း လုပ်ဆောင်ခဲ့ကာ နှုတ်ကပတ်တော်ကို ဟောပြောခဲ့ခြင်းကြောင့် ၁၂ နှစ်ကြာ အကျဉ်းကျခဲ့ပါတယ်။ အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ ကူရှိုချန်းဟာ အသင်းတော်မှာ ဆက်လက်အလုပ်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကူရှိုချန်းနှင့် သက်ဆိုင်တဲ့ အသင်းတော်ကို နိုင်ငံတော်ရှိ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ရောက်ရှိလာတဲ့အခါမှာတော့ သူဟာ ရှာဖွေလေ့လာခြင်း လုံးဝမရှိဘဲ ၊ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ လက်ရာကို ပြစ်တင်ရှုတ်ချဖို့အတွက် သူ့ရဲ့ ကိုယ်ပိုင်အယူအဆများနဲ့ အထင်အမြင်များကိုသာ ခေါင်းမာမာနဲ့ ယုံကြည်နေခဲ့တယ်။ ပြီးတော့ သက်ဝင်ယုံကြည်သူတို့ကို မှန်ကန်သော လမ်းစဉ်ကို လက်ခံခြင်းကို နှောင့်ယှက်ပိတ်ပင်ဖို့ရန်အလို့ငှာ အယူအဆများနဲ့ ယုတ္တိအမှားများကို ဖြန့်နှံ့ရန် သူအတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီးတဲ့နောက် ကူရှိုချန်းဟာ နှုတ်ကပတ်တော်တို့ဟာ အမှန်တကယ် သြဇာအာဏာနဲ့ တန်ခိုးရှိကြပြီး ကြားနာရသူတိုင်း လက်ခံယုံကြည်ကြမည်ကို သိရှိခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကတပတ်တော်များကို ဖတ်ရှုသူ ဘယ်သူမဆို ဘုရားသခင်ကို ယုံကြည်သက်ဝင်သွားမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့တယ်။ သူရဲ့ဂုဏ်ဒြပ်နဲ့ သူ့အသက်မွေးဝမ်းကြောင်းကို ဆက်လက်မထိန်းထားနိုင်မည်ကို ပူပင်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို သင်းထောက်ဝမ်စင်းအပါအဝင်၊ တခြားလူများနဲ့ ဘုရားကျောင်းထဲမှာ တိုင်ပင်ခဲ့ပြီး တရုတ်ကွန်မြူနစ်အစိုးရ အသုံးပြုတဲ့ ကောလာဟလများနဲ့ လူတွေကို လှည့်စားကာ ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကူရှိုချန်းနဲ့ ဝမ်စင်းတို့ဟာ အသင်းတော်တွေကို ပိတ်သိမ်းဖို့နဲ့ လူများ မှန်ကန်သော လမ်းစဉ်ကို မလိုက်နိုင်ရန် ပိတ်ပင်ဖို့ရန် အဆုံးစွန်ထိ လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဆိုးယုတ်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့တောင် ပူပေါင်းပြီး ၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံတဲ့ လူတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့စိတ်သဘောထားကို ပြင်းပြင်ထန်ထန် ဆန့်ကျင်နေပြီး ဘုရားသခင်ရဲ့ ကျိန်ခြင်းအမင်္ဂလာဖြစ်နိုင်ပါတယ်။ ဝမ်စင်းဟာ နိုင်ငံတော်ရဲ့ သတင်းကောင်းတို့ကို ဖြန့်ဝေနေသူအချို့ကို ဖမ်းဆီးရန် သွားရာလမ်းတွင် ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်။ ကူရှိုချန်းကတော့ ကြောက်လန့်တကြားနဲ့ ကြံရာမရနေထိုင်နေရပြီး ကျီးလန့်စာစားဖြစ်နေပါတော့တယ်။ “ငါ့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်အပေါ် ပြစ်တင်ရှုတ်ချမှုကြောင့် ဘုရားသခင်ဟာ ထပ်မံကားစင်အတင်ခံရလေသလား” လို့ သူ့ကိုယ်သူ မကြာခဏပြောနေတတ်ပါတယ်။

ဆောင်ရွက်မှုများ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏