ဘုရားသခင်ကို စစ်မှန်သောနှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်ဖြစ်ကြလိမ့်မည်

မိတ်ဆက်ခြင်း
ဘုရားသခင်ကို စစ်မှန်သောနှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်ဖြစ်ကြလိမ့်မည်

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို နာခံခြင်းသည်၊ တစ်ခုတည်း၊ အတူတူပင် ဖြစ်သည်။ ဘုရားသခင်ကိုသာ နာခံပြီး ဘုရားသခင်လုပ်သည့် အလုပ်ကို မနာခံသူများကို နာခံတတ်သောသူများဟု မမှတ်ယူနိုင်ပါ၊ အပေါ်ယံ၌ ဖားတတ်သော်လည်း အမှန်တကယ် မနာခံသူများကို နာခံတတ်သော သူများဟု ပို၍ပင် မမှတ်ယူနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ် နာခံသူများသည် ဘုရားသခင်၏အလုပ်မှ အကျိုးရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်ကို နားလည်နိုင်စွမ်း ရှိသည်။ ထိုသို့သော လူများသာ ဘုရားသခင်ကို အမှန်တကယ် နာခံကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်မှ အသိဉာဏ်အသစ်ကို ရရှိနိုင်စွမ်းရှိသည်၊ ထိုအလုပ်မှ အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့ခံစားနိုင်စွမ်းရှိသည်။ ထိုသို့သော လူများသည်သာ ဘုရားသခင် သဘောကျသူများ ဖြစ်သည်။ ထိုသို့သော လူသည်သာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၊ မိမိ၏ စိတ်သဘောထား ပြောင်းလဲသွားသူ ဖြစ်သည်။”Read More »