ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ဘုရားသခင်, သမ္မာကျမ်းစာ, သမ္မာတရား, အနန္တတန်ခိုးနှင့် ပြည့်စုံသော, အသက်

ကျေးဇူးတော်ခေတ်သည် နောင်တရရှိရေး ဧဝံဂေလိတရားကို ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း ခံရမည်ဟု ကတိပေးခဲ့သည်။ ယနေ့တွင် ကယ်တင်ခြင်းအစား သိမ်းပိုက်ခြင်းနှင့် စုံလင်ခြင်းအကြောင်းများကိုသာ ပြောဆိုနေကြသည်။ လူတစ်ဦးက ယုံကြည်လျှင် သူ၏မိသားစု တစ်စုလုံး ကောင်းချီးပေးခံရမည် သို့မဟုတ် ကယ်တင်ခြင်းကို တစ်ခါတည်းနှင့် အပြီးရရှိမည်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ဘူးပါ။ ယနေ့ခေတ်မှာ မည်သူမျှ ထိုစကားလုံးများကို ပြောဆိုမနေကြပါ၊ ယင်းကဲ့သို့သော အရာများသည် ခေတ်ဟောင်း သွားကြချေပြီ။ ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ Read More »

Myanmar New Gospel Song (လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ)

ဝေါ…… ဟာလေလုယာ …
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကို
ဘုရားသခင် ဖန်ဆင်းပြီးကတည်းက
ကမ်ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီ
လူတွေရဲ့ အဆိုးဆုံးငြင်းပယ်မှုကို ခံစားခဲ့
ပျက်ရယ်ပြုခြင်းများစွာ တွေ့ကြုံခဲ့
ကမ်ဘာမြေပေါ် ဘုရားကြွလာတာကို ဘယ်သူမှ မကြိုဆိုဘူး
နှစ် ထောင်ချီခက်ခဲမှုများ သူခံစားခဲ့
လူသားများရဲ့အကျင့်ဆိုးတွေ သူ့အသည်းကို ဟပ်သပ်ကွဲစေပြီ
လူတွေပုန်ကန်မှု ထပ်ပြီး သူ ဂရုမစိုက်နိုင်တော့့ပြီ
သူတို့ကို ပြောင်းလဲပြီး သန့်ရှင်းစေဖို့သာ သူ ကြံစည်
တစ်ခုတည်းသော ဘုရားရဲ့ဆန္ဒဟာ
သူတို့နားထောင် လိုက်လျှောက်ဖို့…
သူ့အသွေးအသားရှေ့မှောက်မှာ အရှက်ရပြီးသူ ့ကို မငြင်းပယ်ဖို့
လူတိုင်းအတွက် သူ့ရဲ့ဆန္ဒဟာ ယနေ့ သူ တည်ရှိကြောင်း
လူတိုင်း ရိုရိုးလေး ယုံကြည်ဖို့
ဟူး… ဟူး… ဟာလေလုယာ…
ဘုရားသည် အသွေးအသား၌ ပြက်ရယ်ပြုခြင်း ခံစားပြီ
ထုတ်ပယ်ခြင်း၊ ကားတိုင်တင်ခြင်းတို့ကိုလည်းပဲ
လူ့လောကရဲ့အဆိုးဆုံးတွေကိုလည်း သည်းခံနေ
ကောင်းကင်ဘုံအဘလည်း မကြည့်ရက်ဘူး
မျက်နှာတော်လွဲကာ မျက်စိပိတ်ထား
သူချစ်တဲ့သား ပြန်လာမယ့်အချိန် စောင့်မျှော်နေ
နှစ် ထောင်ချီခက်ခဲမှုများ သူခံစားခဲ့
လူသားများရဲ့အကျင့်ဆိုးတွေ သူ့အသည်းကို ဟပ်သပ်ကွဲစေပြီ
လူတွေရဲ့ပုန်ကန်မှု ထပ်ပြီး သူ ဂရုမစိုက်နိုင်တော့ပြီ
သူတို့ကို ပြောင်းလဲပြီး သန့်ရှင်းစေဖို့သာ သူ ကြံစည်
တစ်ခုတည်းသော ဘုရားရဲ့ဆန္ဒဟာ သူတို့ နားထောင်လိုက်လျှောက်ဖို့
သူ့အသွေးအသားရှေ့မှောက်မှာ အရှက်ရပြီး သူ့ကို မငြင်းပယ်ဖို့
လူတိုင်းအတွက် သူ့ရဲ့ဆန္ဒဟာ ယနေ့ သူတည်ရှိကြောင်း
လူတိုင်း ရိုရိုးလေးယုံကြည်ဖို့Read More »