Myanmar Gospel Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) | Focus on the Latest Work of God

လင်ပိုအန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုမှာ သင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်အကြောင်း သိနားလည်ခွင့်ရခြင်း၊ ကိုးကွယ်ခွင့်ရခြင်းအပေါ် သူ့ဘဝတစ်လျှောက်လုံး လောကမှာ တခြားအရာတွေအားလုံးထက် တန်ဖိုးထားခဲ့သူဖြစ်ပြီး၊ သခင်အတွက် ဆင်းရဲဒုက္ခခံရခြင်းကိုလည်း ဂုဏ်ယူခဲ့သူတစ်ယောက်ပါ။ ကံကြမ္မာက ဖန်တီးလာတဲ့တစ်ရက်မှာတော့ သူဟာ တရားဟောပြောဖို့သွားရင်း၊ တုန်လှုပ်စရာသတင်းတချို့ကို ကြားလိုက်ရတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ပြန်လည်ကြွရောက်နေပြီတဲ့လေ။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်..အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်တဲ့။ လင်ပိုအန်းဟာ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သခင် ပြန် ကြွလာမယ်ဆိုရင်၊ ကောင်းကင်ထက်ကနေ ကြွလာရမှာလေ။ ဒါကြောင့် ကိုယ်တော်ဟာ ဘာကြောင့် လူ့ဇာတိခံပြီး၊ အမှုတော်ကို လျှို့ဝှက်ဆောင်ရွက်ရတာလဲ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နောက်ကွယ်မှာ ဘယ်လိုနက်နဲမှုတွေရှိနေလဲ။ သခင် ပြန်လည်ကြွရောက်နေပြီဆိုရင်၊ ကျွနု်ပ်တို့တွေဟာ ဘာကြောင့် ချီဆောင်ခြင်းမခံရသေးတာလဲ။ ဒီလိုနဲ့ လင်ပိုအန်းအပါအဝင် သူ့မိတ်ဆွေတွေနဲ့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့တရားဟောဆရာတွေဟာ အပြင်းအထန်ဆွေးနွေးမိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန် ကြွလာခြင်းလား၊ လူ့ဇာတိခံတဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းလားဆိုတာတွေပေါ့။ သူတို့တတွေဟာ နောက်ဆုံးမှာ ဒါတွေကို နားလည်သွားကြမှာလား။

အကြံပြုစာမျာ: ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်

လူ့ဇာတိခံယူခြင်း၏ နက်နဲသောအရာ (၁)

သမ္မာကျမ်းစာ, ဘုရားသခင်, သမ္မာတရား, အသက်, ယေရှုခရစ်တော်,

ကျေးဇူးတော်ခေတ်ကာလတွင်၊ ယောဟန်သည် ယေရှုအတွက် လမ်းကြောင်း ခင်းပေးခဲ့သည်။ သူသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်ကို မလုပ်နိုင်ဘဲ လူသား၏ တာဝန်ကို ကျေပွန်ရုံမျှသာ ဆောင်ရွက်ခဲ့သည်။ ယောဟန်သည် သခင်၏ရှေ့ပြေး ဖြစ်ခဲ့သော်လည်း၊ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသော လူသားတစ်ဦးသာ ဖြစ်သည်။ ယေရှုဗတ္တိဇံ ခံပြီးနောက် “သန့်ရှင်းသော ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော့်အပေါ်သို့ ဆင်းသက်တော်မူသည်။” ထို့နောက် ယေရှုသည် သူ၏ လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်၊ ယင်းကား ခရစ်တော်၏ အမှုကို စတင်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် သူသည် ဘုရားသခင်မှ လာသောကြောင့် ဘုရားသခင်၏ သွင်ပြင်လက္ခဏာကို ယူခဲ့ခြင်း ဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းမတိုင်မီ သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံ အားနည်းကောင်း အားနည်းမည်၊ သို့မဟုတ် တစ်ခါတစ်ရံ ခိုင်မာကောင်း ခိုင်မာမည်—ဤမတိုင်မီ သူ၏ယုံကြည်ခြင်းသည် မည်ကဲ့သို့ပင် ဖြစ်နေခဲ့ပါစေ၊ ယင်းသည်ယေရှု သူ၏ အမှုကို မဆောင်ရွက်မီ သူ၏သာမန် လူသားအသက်တာ အားလုံးပင်ဖြစ်သည်။ သူ ဗတ္တိဇံ ခံပြီးနောက် (ဘိသိတ်ခံပြီးနောက်)၊ သူသည် ဘုရားသခင်၏ တန်ခိုးနှင့် ဘုန်းအသရေတို့ကို ချက်ချင်းရရှိ ပေသည်။ ထို့ကြောင့် သူ၏ အမှုကို စတင်ဆောင်ရွက်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုအရာများ၊ တန်ခိုးများကို လုပ်ဆောင်နိုင်သည်၊ သူသည် ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်စား တိုက်ရိုက် လုပ်ဆောင်သော ကြောင့် သူ့တွင် တန်ခိုးနှင့် လုပ်ပိုင်ခွင့်အာဏာရှိသည်။ ဝိညာဉ်တော်၏ အလုပ်ကို သူသည်ကိုယ်စား လုပ်ဆောင် ခဲ့ပြီး၊ ဝိညာဉ်တော်၏ အသံကို ဖော်ထုတ်ခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်ခဲ့သည်။ ဤကား ငြင်းဆန်၍မရသော အရာဖြစ်သည်။ ယောဟန်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ဘဲ၊ သူ့အနေနှင့် ဘုရားသခင်ကို ကိုယ်စားပြုရန် မဖြစ်နိုင်ပေ။ သူသည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိခဲ့လျှင်၊ ဘုရားသခင် ကိုယ်တိုင် ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်ထားသည့် အမှုကို သူဆောင်ရွက်၍ မရနိုင်သည့်အတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အားလုပ်ကိုင်ရန် ခွင့်ပြုမည် မဟုတ်ပါ။ သူ့အထဲတွင် လူသား၏ဆန္ဒ များစွာရှိကောင်း ရှိလိမ့်မည်၊ သို့မဟုတ် သူ့အထဲတွင် တစ်စုံတစ်ရာ ကွဲလွဲနေလိမ့် မည်။ မည်သည့် အခြေအနေမျိုးမှာဘဲ ဖြစ်ဖြစ် သူသည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ သူ၏ အမှားများနှင့် မမှန်ကန်မှုများက သူ့ကိုသာ ကိုယ်စားပြုနေသော်လည်း၊ သူ၏လုပ်ဆောင်မှုများကမူ သန့်ရှင်းသော ဝိညာဉ်တော်ကို ကိုယ်စားပြုနေခဲ့သည်။ သူ၏ အရာအားလုံးသည် ဘုရားသခင်ကို ကိုယ်စားပြုသည်ဟု သင်မပြောနိုင်သေးပါ။ သူ၏လမ်းလွဲမှုနှင့် မမှန်ကန်မှုတို့ကလည်း ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သလော။ လူသားကို ကိုယ်စားပြုခြင်းတွင် မမှန်ကန်မှုက သာမန်သာဖြစ်သည်၊ သို့သော် ဘုရားသခင်ကို ကိုယ်စား ပြုခြင်းတွင် သူ၌ လမ်းလွဲမှုများရှိပါက၊ ယင်းသည် ဘုရားသခင်ကို အရှက်ရစေခြင်းပင် မဟုတ်ဘူးလား။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်း မဟုတ်ဘူးလား။ အခြားသူများက လူသားအား ချီးမြှောက် သည့်တိုင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား သူ့ဆန္ဒအလျောက် ဘုရားသခင်နေရာတွင် ရပ်တည်ရန် ခွင့်မပြုပါ။ သူသည် ဘုရားသခင် မဟုတ်ပါက၊ သူသည် အဆုံးတွင် ရပ်တည်နေနိုင်မည် မဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်က လူသားကို သူစိတ်ရှိသည့်အတိုင်း ဘုရားသခင်အား ကိုယ်စားပြုရန် ခွင့်မပြုပါ။ ဥပမာအားဖြင့်၊ သန့်ရှင်းသော ဝိညာဉ်တော်က ယောဟန်ကို သက်သေခံပေးခဲ့ပြီး၊ သူ့အား ယေရှုကို လမ်းကြောင်းခင်းပေးသူ တစ်ဦးအနေဖြင့်လည်း ထုတ်ဖော်ခဲ့ပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်က သူ့ထံတွင်လုပ်သော အလုပ်ကို ကောင်းစွာ တိုင်းတာထားသည်။ ယောဟန်ကို တောင်းဆိုခဲ့သည်များ အားလုံးက ယေရှုအတွက် လမ်းကြောင်းခင်းသူ၊ သူ့အတွက်လမ်းကြောင်း ပြင်ဆင်ပေးရန်ဖြစ်သည်။ ပြောရမည်ဆိုလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့အား လမ်းကြောင်းခင်းသည့် လုပ်ဆောင်မှုကိုသာ ပံ့ပိုးပေးပြီး၊ ယင်းလုပ်ဆောင်မှုကိုသာ သူ့အားခွင့်ပြုခဲ့သည်၊ အခြားအလုပ် မပါရှိပါ။ ယောဟန်သည် ဧလိယကို ကိုယ်စားပြုခဲ့ပြီး သူသည် လမ်းကြောင်းခင်းပေးခဲ့သည့် ပရောဖက်တစ်ဦးကို ကိုယ်စားပြုခဲ့သည်။ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်က ပံ့ပိုးပေးခဲ့သည်။ သူ့လုပ်ဆောင်မှုက လမ်းကြောင်း ခင်းခြင်း ဖြစ်နေသ၍ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်၊ သူသည် သူကိုယ်တိုင်က ဘုရားသခင်ဖြစ်ထိုက်ကြောင်း တောင်းဆိုပြီး ရွေးနှုတ်ခြင်းအမှုကို ပြီးမြောက်စေမည် ဆိုပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ့ကို ဆုံးမပဲ့ပြင် ရပါလိမ့်မည်။ ယောဟန်၏ လုပ်ဆောင်မှုသည် မည်မျှပင် ကြီးမြတ်ပြီး၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိစေကာမူ၊ သူ၏ လုပ်ဆောင်မှုသည် ဘောင်များအတွင်းတွင် ရှိနေခဲ့သည်။ သူ၏လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ထောက်ပံ့မှုကို ရရှိခဲ့သည်ဆိုမှာ တကယ့်ကို မှန်ကန်မှုရှိပါသည်။ သို့သော်လည်း၊ ထိုအချိန်တွင် သူ့ကိုပေးခဲ့သည့် တန်ခိုးမှာ လမ်းကြောင်းခင်းဖို့ အတွက်သာ ကန့်သတ်ထားသည်။ သူသည် လမ်းကြောင်းခင်းပေးသည့် ယောဟန်သာ ဖြစ်နေ၍၊ ယေရှုမဟုတ်သောကြောင့်၊ သူသည်အခြား မည်သည့်အလုပ် တစ်ခုကိုမျှ လုံးဝမလုပ်ဆောင်နိုင်ပါ။ ထို့အတွက်ကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သက်သေခံချက်မှာ အဓိကသော့ချက် ဖြစ်သော်လည်း၊ လူသား လုပ်ဆောင်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်က ကန့်သတ်ပေးထားသည့် အလုပ်က ပို၍ပင် အရေးပါ ပါသည်။ ယောဟန်သည် ကြီးမြတ်သည့် သက်သေ မခံခဲ့ဘူးလား။ သူ၏ လုပ်ဆောင်ခဲ့ခြင်းကလည်း မကြီးမြတ် ဘူးလား။ သို့သော် သူသည် သန့်ရှင်းသော ဝိညာဉ်တော်က အသုံးပြုသည့် လူသားတစ်ဦးထက် သာလွန်မှု မရှိသည့်အတွက် သူ၏ လုပ်ဆောင်မှုသည်လည်း ယေရှုထက် သာလွန်မှုမရှိ၊ ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စား မပြုနိုင်ပါ။ ထို့အတွက်ကြောင့် သူလုပ်ဆောင် ခဲ့ရသည်မှာလည်း အကန့်အသတ် ရှိခဲ့သည်။ လမ်းကြောင်း ခင်းပေးသည့် လုပ်ဆောင်မှု ပြီးမြောက်ပြီးနောက်၊ မည်သည်ကမျှ သူ၏ သက်သေခံချက်ကို ဆက်လက် ထောက်ပံ့ပေးခြင်း မရှိ၊ သူ့ကို မည်သည့် အလုပ်သစ်ကမျှ နောက်ထပ် လိုက်မလာတော့ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က အလုပ်ကို စတင်ခဲ့သည့်အတွက် သူထွက်ခွာသွားခဲ့သည်။Read More »