ခေါ်ခြင်းခံရသူ များသော်လည်း ရွေးကောက်ခံရသူ နည်းပါး၏

ဆုတောင်း, ယေရှု, ဘုရားသခင်, ဧဝံဂေလိ စာအုပ်, ကယ်တင်ရှင်သည်

ဤကမ္ဘာပေါ်၌ ငါ၏နောက်လိုက်များ ဖြစ်လာစေရန် လူအမြောက်အမြားကို ရှာတွေ့ထားသည်။ ထိုနောက်လိုက်များ အားလုံးအထဲ၌ ယဇ်ပုရောဟိတ်များ၊ ဦးဆောင်ဦးရွက်ပြုသူများ၊ ဘုရားသခင်၏သားများ ဖြစ်လာရန် ပုံသွင်းကြသူများ၊ အသင်းအဖွဲ့ တည်ထောင်သူများနှင့် အစေခံလုပ်ငန်း ဆောင်ရွက်နေသူများ စသည်ဖြင့် အမျိုးမျိုးရှိကြ၏။ ၎င်းတို့ အသီးသီး၏ သစ္စာစောင့်သိမှုအပေါ် မူတည်၍ မတူကွဲပြားခြားနားသည့် အမျိုးအစားများအဖြစ် အုပ်စုအသီးသီး ငါခွဲထုတ်လိုက်သည်။ ထိုသူအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် အုပ်စုအသီးသီး ခွဲခြားလိုက်သောအခါ အမျိုးအစား တစ်ခုချင်းစီ၏ သဘောသဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်၊ ထို့နောက် လူတစ်ဦးချင်းစီကို ၎င်း၏ အမျိုးအစား အုပ်စုအလိုက် မှန်မှန်ကန်ကန် ရေတွက်နိုင်ပြီး ၎င်းတို့နှင့် ကိုက်ညီသော နေရာအမှန်ထဲ၌ ထည့်သွင်းနိုင်သည်။ သို့မှသာ ငါ၏ ရည်ရွယ်ချက် ဖြစ်သော လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဟူသည့် အရာကို ငါအကောင်အထည်ဖော်နိုင်မည်။ ထိုနည်းတူ ငါ၏ နေအိမ်သို့ ပြန်လာနိုင်ရန် ငါကိုယ်တိုင် ကယ်တင်ရန် ဆန္ဒရှိသော အုပ်စုကို ငါခေါ်ပြီးနောက် နောက်ဆုံးသောကာလ၌ ထိုသူအားလုံးတို့အား ငါ၏အမှုကို လက်ခံရန် ငါခွင့်ပြုမည်။ ထိုအချိန်၌ လူအသီးသီးတို့အား အမျိုးအစားအလိုက် ငါခွဲထုတ်မည်။ ထို့နောက် ၎င်းတို့၏ အကျင့်များအပေါ် မူတည်၍ တစ်ဦးချင်းစီကို ဆုချီးမြှင့်မည်၊ သို့မဟုတ် ပြစ်ဒဏ်စီရင်မည်။ ဤအရာများမှာ ငါ၏ အမှုထဲ၌ ပါဝင်သည့် အဆင့်များ ဖြစ်သည်။Read More »