Myanmar Christian Movie Trailer (ဒီလောက်သာယာလိုက်တဲ့ အသံ) The Word of the Holy Spirit

ဒေါင်ကျင်ရှင်းဟာ တရုတ်ပြည်က အိမ်တွင်းအသင်းတော်တစ်ခုက တရားဟောဆရာမတစ်ဦးဖြစ်ပါတယ်။ ဘုရားသခင်ကိုနှစ်ပေါင်း ၃ဝလောက်ယုံကြည်ခဲ့ပြီး သမ္မာတရားကိုချစ်မြတ်နိုးတဲ့အတွက် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို မကြာခဏဖတ်ပြီး နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုကိုခံယူပါတယ်။ စိတ်အားထက်သန်စွာနဲ့ ဘုရားသခင်အတွက် ကိုယ့်ကိုကိုယ် အသုံးတော်ခံခဲ့ပါတယ်။ တရားဟောတဲ့အတွက်ကြောင့် တရုတ်ပြည်ကွန်မြူနစ်အစိုးရ ရဲတွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရက်စက်မှုတွေ နှိပ်စက်မှုတွေကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရတဲ့ ထောင်ကိုအပို့ခံလိုက်ရပါတယ်။ လူမဆန်တဲ့အကျဉ်းသားဘဝ ၇ နှစ်တာမှာ သူ့ကိုကြံ့ကြံ့ခံနိုင်အောင်လမ်းညွှန်ခဲ့တာကတော့ သခင့်ရဲ့နှုတ်ကပတ်တော်တွေပါပဲ။ ထောင်ကလွတ်လာတဲ့နောက်တော့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်တဲ့ ချန်ကွမ်ဟာ သူ့ကိုတွေ့ဖို့ရောက်လာခဲ့ပြီး အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြခဲ့ပြီး နောက်ဆုံးသောကာလမှာ ဘုရားသခင်ဟာ ပေါ်ထွန်းခဲ့ပြီဖြစ်ပြီး အမှုပြုနေတဲ့အကြောင်း သက်သေခံခဲ့ပါတယ်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်မိတ္တူကိုလည်းပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ချို့ကိုဖတ်ပြီးတဲ့နောက်မှာတော့ ဒေါင်ကျင်ရှင်းဟာ အဲဒီနှုတ်ကပတ်တော်တွေက အာဏာနဲ့ပြည့်စုံပြီး ဘုရားသခင်ဆီကလာတဲ့ နှုတ်ကပတ်တော်တွေဆိုတာ ခံစားလိုက်ရပါတယ်။ သူဟာရှာဖွေလိုစိတ်တွေ တိုးပွားလာပါတယ်။ ဒေါင်ကျင်ရှင်းနဲ့ခင်ပွန်းဖြစ်သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဆာလောင်မွတ်သိပ်စွာ အငမ်းမရ ဖတ်ကြည့်ပြီးတဲ့နောက်မှာ အားလုံးဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဖြစ်ပြီး အမှန်တွေချည်းပဲဆိုတာသိလိုက်ရပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သူတို့နှစ်ပေါင်းများစွာ စောင့်နေခဲ့ရတဲ့ သခင်ယေရှုပြန်လာတာဖြစ်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားသခင်ပြန်လာတာကို ပျော်ရွှင်စွာကြိုဆိုနေတုန်းမှာပဲ ရဲမှူးဟာ သူတို့ကို တရားဆွေးနွေးပွဲတွေနဲ့အစည်းအဝေးတွေအပြင် တရားမဟောဖို့အတွက်ကိုပါလာရောက်သတိပေးပါတယ်။ သူတို့အနေနဲ့ အထူးသဖြင့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း အသင်းတော်အကြောင်းဟောပြောသူတွေကို အစီရင်ခံဖို့ သတိပေးခဲ့ပြီး ဒေါင်ကျင်ရှင်းကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒါပြီးတဲ့နောက် ဒေါင်ကျင်ရှင်းဟာ ညီအစ်ကိုမောင်နှမတွေကို နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေကိုကြည့်ဖို့ ဦးဆောင်နေတယ်လို့ သူတို့သင်းအုပ်ဆရာက သိတာနဲ့တပြိုင်နက် ကြားဝင်နှောင့်ယှက်ပြီး တားမြစ်ပိတ်ပင်ပါတော့တယ်။ စာတန်နတ်ဆိုးရဲ့အင်အားစုတွေဖြစ်တဲ့ စိတ်ရှုပ်ထွေးမှုတွေနဲ့ဖရိုဖရဲဖြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ဒေါင်ကျင်ရှင်းဟာ ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိတ်သဟာယပြုခြင်းတို့အားဖြင့် ဘာသာရေးလောကရဲ့ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ခဲ့တယ်။ သူနောက်မဆုတ်ဘဲ ညီအစ်ကို မောင်နှမတွေကို လမ်းမှန်ကို စူးစမ်းရှာဖွေဖို့ ဆက်လက်ဦးဆောင်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်၏အသင်းတော်က လူတွေကို မိတ်သဟာယပြုပေးဖို့နဲ့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားရဲ့ အမှုတော်တွေကို သက်သေခံပေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အနန္တတန်ခိုးရှင်ဘုရားသခင်မြွက်ဆိုတဲ့ စကားတွေဟာ တကယ်ပဲ ဘုရားသခင်ရဲ့ အသံတော်ဖြစ်ပြီး သူဟာ ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းပဲဖြစ်တယ်ဆိုတာ အယောက်တိုင်း အသိအမှတ်ပြုမိကြပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ ဘယ်လောက်လှပလိုက်တဲ့ အသံလဲဆိုပြီး အားလုံးက နက်ရှိုင်းစွာ ခံစားကြရတယ်။

ဆက်သွယ်မှုများ သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၄)

Myanmar Gospel Music Video (ဘုရား၏မေတ္တာ ကျွန်ပ်နှလုံးသားကို ဝန်းရံ)

ဖြောင့်မတ်ခြင်းနေမင်းကြီး အရှေ့အရပ်က ထွက်ပေါ်
အို ဘုရား…
ကိုယ်တော့်ဘုန်းတော် ကောင်းကင်နှင့်မြေကြီးတွင် ပြည့်လျှံ
နှစ်သက်ဖွယ်သော ကျွန်ပ်ချစ်ရသူ…
ကိုယ်တော့်ချစ်ခြင်းမေတ္တာ ကျွန်ပ်နှလုံးသားကို ဝန်းရံ
သမ္မာတရား ရှာဖွေသူများ… ဘုရားကို ချစ်ခင်မြတ်နိုးကြ
မနက်စောစော တစ်ကိုယ်တည်း နိုးထရလည်း
နှုတ်ကပတ်တော်ကို အောက်မေ့သောကြောင့်
ကျွန်ပ်နှလုံးသားထဲ ဝမ်းမြောက်ခြင်းရှိ
ကြင်နာသော မိခင်၏ စကားများကဲ့သို့ ဘုရား၏နူးညံ့သော စကားများ
ဖခင်၏ဆူပူကြိမ်းမောင်းခြင်းကဲ့သို့ ခက်ထန်သော
ဘုရား၏စစ်ကြောသောစကားများRead More »

ဘုရားသခင်ကို စစ်မှန်သောနှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်ဖြစ်ကြလိမ့်မည်

မိတ်ဆက်ခြင်း
ဘုရားသခင်ကို စစ်မှန်သောနှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်ပိုင်သောသူများ ဧကန်ဖြစ်ကြလိမ့်မည်

အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ဘုရားသခင်ကို နာခံခြင်းနှင့် ဘုရားသခင်၏ အလုပ်ကို နာခံခြင်းသည်၊ တစ်ခုတည်း၊ အတူတူပင် ဖြစ်သည်။ ဘုရားသခင်ကိုသာ နာခံပြီး ဘုရားသခင်လုပ်သည့် အလုပ်ကို မနာခံသူများကို နာခံတတ်သောသူများဟု မမှတ်ယူနိုင်ပါ၊ အပေါ်ယံ၌ ဖားတတ်သော်လည်း အမှန်တကယ် မနာခံသူများကို နာခံတတ်သော သူများဟု ပို၍ပင် မမှတ်ယူနိုင်ပါ။ ဘုရားသခင်ကို အမှန်တကယ် နာခံသူများသည် ဘုရားသခင်၏အလုပ်မှ အကျိုးရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အလုပ်ကို နားလည်နိုင်စွမ်း ရှိသည်။ ထိုသို့သော လူများသာ ဘုရားသခင်ကို အမှန်တကယ် နာခံကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ အလုပ်သစ်မှ အသိဉာဏ်အသစ်ကို ရရှိနိုင်စွမ်းရှိသည်၊ ထိုအလုပ်မှ အသစ်သော ပြောင်းလဲမှုများကို ကြုံတွေ့ခံစားနိုင်စွမ်းရှိသည်။ ထိုသို့သော လူများသည်သာ ဘုရားသခင် သဘောကျသူများ ဖြစ်သည်။ ထိုသို့သော လူသည်သာ စုံလင်အောင် ပြုလုပ်ခြင်း ခံပြီးသူ၊ မိမိ၏ စိတ်သဘောထား ပြောင်းလဲသွားသူ ဖြစ်သည်။”Read More »

Myanmar Christian Movie (ပြောင်းလဲခြင်းအခါသမယ ) Revealing the Mysteries of the Bible

Su Mingyue is a preacher of a Christian house church in mainland China. She has always felt that merely believing in the Lord is enough to be called righteous and be saved by grace. Although we still sin constantly, our sins have been forgiven by the Lord, our images will be changed instantly to become holy and we will be raised into the kingdom of heaven when the Lord arrives. However, some co-workers plant a seed of doubt. Since we still lie and sin constantly, can we really be raised into the kingdom of heaven? Su Mingyue is confused at heart. In the end, through debating and communicating with the preachers of The Church of Almighty God, Su Mingyue finally finds the only path to enter the kingdom of heaven …

များပြားသောအကြံပြုချက်များ

သိုးသငယ်၏ ခြေရာနောက်ကို လိုက်မှီခြင်း- အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်

ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန်

ခရစ်တော်, ထာဝရအသက်, ကယ်သင်ခြင်း, သမ္မာတရား, အသက်

အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ဖြစ်သော ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးတွင် အဆင့်သုံးဆင့်၊ သို့မဟုတ် ခေတ်သုံးခေတ် ပါဝင်သည်၊ အစအဦး၏ ပညတ်တော်ခေတ်၊ (ရွေးနုတ်ခြင်းခေတ်လည်းဖြစ်သော) ကျေးဇူးတော်ခေတ်နှင့် နောက်ဆုံးသောကာလ၏ နိုင်ငံတော်ခေတ်တို့ဖြစ်လေသည်။ ဤခေတ်သုံးခေတ်တို့မှ ငါ၏အမှုသည် ခေတ်တစ်ခုစီ၏သဘာဝနှင့်အညီ အကြောင်းအရာကွဲပြား၏၊ သို့ရာတွင် အဆင့်တစ်ခုစီတိုင်း၌ ဤအမှုသည် လူသား၏လိုအပ်ချက်များနှင့် လိုက်လျောညီထွေရှိသည်၊ သို့တည်းမဟုတ် ပို၍အတိအကျဆိုသော် စာတန်နှင့် ငါဆင်နွှဲသည့် စစ်ပွဲတွင် သူအသုံးပြုသည့် လှည့်ကွက်များနှင့်အညီ ဤအမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ ငါ့အမှု၏ ရည်ရွယ်ချက်မှာ စာတန်ကို အနိုင်ယူရန်၊ ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ထင်ရှားစေရန်နှင့် စာတန်၏ လှည့်ကွက်များအားလုံးကို ဖော်ထုတ်ပြရန်ဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်၏အုပ်စိုးမှုအောက်တွင် နေထိုင်ကြသည့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ရန်ဖြစ်သည်။ ယင်းသည် ငါ၏ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို ပြသရန်နှင့် စာတန်၏ မခံမရပ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းခြင်းကို ထုတ်ဖော်ပြရန်ဖြစ်၏၊ ယင်းထက်ပို၍ပင် ဖန်ဆင်းခံသက်ရှိတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်စေရန်၊ ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကြောင်းကို သိကြစေရန်၊ စာတန်သည် လူသားတို့၏ ရန်သူ၊ အကျင့်ပျက်ယိုယွင်းသော နတ်ဆိုးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်စေရန်ဖြစ်ပြီး၊ ၎င်းတို့အနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကြား၊ သမ္မာတရားနှင့် မုသားကြား၊ သန့်ရှင်းခြင်းနှင့် ညစ်ညမ်းခြင်းကြား၊ ကြီးမြတ်သောအရာနှင့် ယုတ်ညံ့သောအရာကြား ခြားနားမှုကို အကြွင်းမဲ့ သေချာမှုဖြင့် သိကြစေရန် ဖြစ်သည်။ သို့မှသာ မသိနားမလည်သော လူသားတို့သည် ၎င်းတို့ကို ဖောက်ပြန်ပျက်စီးစေသည်မှာ ငါမဟုတ်ကြောင်းကိုလည်းကောင်း၊ ဖန်ဆင်းရှင်ဖြစ်သော ငါကသာ လူသားတို့ကို ကယ်တင်နိုင်ပြီး လူတို့မွေ့လျော်ခံစားနိုင်သောအရာတို့ကို လူတို့အပေါ် အပ်နှင်းနိုင်ကြောင်းကိုလည်းကောင်း၊ ငါ့အတွက် သက်သေခံနိုင်လာကြလိမ့်မည်၊ ထို့ပြင် ငါသည် အရာအားလုံးတို့၏ အုပ်စိုးသူဖြစ်ကာ၊ စာတန်မူကား ငါက ဖန်ဆင်းခဲ့ပြီး နောက်ပိုင်းတွင် ငါ့ကိုဆန့်ကျင်ခဲ့သော သတ္တဝါများထဲမှ တစ်ယောက်မျှသာ ဖြစ်ကြောင်းကို ၎င်းတို့သိလာကြလိမ့်မည်။ ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အဆင့်သုံးဆင့် ပိုင်းခြားထားပြီး၊ ငါသည် ဤသို့လုပ်ဆောင်ရခြင်းမှာ ဖန်ဆင်းခံသတ္တဝါတို့ကို ငါ့အတွက် သက်သေခံနိုင်စေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိစေရန်၊ ငါ၏အလိုတော်ကို နားလည်သဘောပေါက်ကြစေရန်နှင့် ငါသည် သမ္မာတရားဖြစ်ကြောင်းကို သိကြစေရန်ဖြစ်သည်။ ထို့ကြောင့် ငါ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်၏ အစောပိုင်းအမှု၌ ငါသည် ပညတ်တော်အမှုကို ဆောင်ရွက်ခဲ့ကာ၊ ယင်းသည် ယေဟောဝါက လူတို့ကို လမ်းပြခဲ့သော အမှုဖြစ်ခဲ့၏။ ဒုတိယအဆင့်သည်ကား ကျေးဇူးတော်ခေတ်၏ အမှုကို ယုဒပြည်၏ ကျေးရွာတို့တွင် စတင်ခဲ့၏။ ယေရှုသည် ကျေးဇူးတော်ခေတ်၏ အမှုအားလုံးကို ကိုယ်စားပြုလေသည်၊ သူသည် လူ့ဇာတိကို ခံယူကာ၊ ကားတိုင်တွင် သံမှိုစွဲရိုက်ခံခဲ့ရပြီး၊ ကျေးဇူးတော်ခေတ်ကိုလည်း စတင်ခဲ့၏။ သူသည် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်စေရန်၊ ပညတ်တော်ခေတ်ကို အဆုံးသတ်၍ ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ကားတိုင်တွင် စီရင်ခံခဲ့ရ၏၊ ထို့ကြောင့် သူ့အား “အမြင့်ဆုံးသော စီရင်အုပ်စိုးသူ”၊ “အပြစ်ဖြေရာယဇ်” နှင့် “ရွေးနုတ်သူ” ဟူ၍ ခေါ်ဆိုကြလေသည်။ အကျိုးဆက်အနေဖြင့် ယေရှု၏အမှုနှင့် ယေဟောဝါ၏အမှုသည် အခြေခံသဘောအားဖြင့် တူညီသော်ငြားလည်း၊ ယင်းတို့သည် အကြောင်းအရာပိုင်း၌ ကွဲပြားခဲ့ကြသည်။ ယေဟောဝါသည် ကမ္ဘာမြေပေါ်မှ ဘုရားသခင်၏အမှုအတွက် မူလစမှတ်ဖြစ်သော အခြေစိုက်ရာကို စတင်တည်ထောင်ခြင်းနှင့် ပညတ်တော်တို့ကို ထုတ်ပြန်ခြင်းဖြင့် ပညတ်တော်ခေတ်ကို စတင်ခဲ့၏။ ဤသည်တို့မှာ သူဆောင်ရွက်ခဲ့သော အမှုအစိတ်အပိုင်းနှစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် ပညတ်တော်ခေတ်ကို ကိုယ်စားပြုလေသည်။ ကျေးဇူးတော်ခေတ်တွင် ယေရှုပြုခဲ့သောအမှုမှာမူ ပညတ်တော်တို့ကို ထုတ်ပြန်ရန် မဟုတ်ဘဲ ယင်းတို့ကို ဖြည့်စွမ်းရန်ဖြစ်ကာ၊ ထိုသို့အားဖြင့် ကျေးဇူးတော်ခေတ်ကို အစပြုပေးလျက်၊ အနှစ်နှစ်ထောင် ကြာရှည်ခဲ့သော ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးခဲ့ခြင်းဖြစ်သည်။ သူသည် ကျေးဇူးတော်ခေတ်ကို စတင်ရန်အလို့ငှာ ရောက်လာခဲ့သည့် ရှေ့ဆောင်သူဖြစ်သော်ငြားလည်း၊ သူ့အမှု၏ အဓိကအပိုင်းမှာ ရွေးနုတ်ခြင်းတွင် တည်နေခဲ့သည်။ ထို့ကြောင့် သူ၏အမှု၌လည်း အဓိကအပိုင်းနှစ်ခု ရှိခဲ့၏၊ ယင်းတို့မှာ ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခြင်းနှင့် သူ၏ကားစင်တင်ခံခြင်းအားဖြင့် ရွေးနုတ်ခြင်းအမှုကို အဆုံးသတ်ခြင်းတို့ဖြစ်ကာ၊ ယင်းနောက်တွင် သူထွက်ခွာသွားခဲ့သည်။ ယင်းအချိန်၌ ပညတ်တော်ခေတ်သည် အဆုံးသတ်ခဲ့၍၊ လူသားမျိုးနွယ်သည် ကျေးဇူးတော်ခေတ်သို့ ဝင်ရောက်ခဲ့လေသည်။Read More »

ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)

ဘုရားသခင်, သမ္မာကျမ်းစာ, သမ္မာတရား, အနန္တတန်ခိုးနှင့် ပြည့်စုံသော, အသက်

ကျေးဇူးတော်ခေတ်သည် နောင်တရရှိရေး ဧဝံဂေလိတရားကို ဟောကြားခဲ့ပြီး၊ လူသားသည် ယုံကြည်ပါက ကယ်တင်ခြင်း ခံရမည်ဟု ကတိပေးခဲ့သည်။ ယနေ့တွင် ကယ်တင်ခြင်းအစား သိမ်းပိုက်ခြင်းနှင့် စုံလင်ခြင်းအကြောင်းများကိုသာ ပြောဆိုနေကြသည်။ လူတစ်ဦးက ယုံကြည်လျှင် သူ၏မိသားစု တစ်စုလုံး ကောင်းချီးပေးခံရမည် သို့မဟုတ် ကယ်တင်ခြင်းကို တစ်ခါတည်းနှင့် အပြီးရရှိမည်ဟု မည်သည့်အခါမျှ မပြောဆိုခဲ့ဘူးပါ။ ယနေ့ခေတ်မှာ မည်သူမျှ ထိုစကားလုံးများကို ပြောဆိုမနေကြပါ၊ ယင်းကဲ့သို့သော အရာများသည် ခေတ်ဟောင်း သွားကြချေပြီ။ ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်ခြင်း ဖြစ်ခဲ့သည်။ သူ့ကို ယုံကြည်သူတို့၏ အပြစ်များအားလုံးသည် ခွင့်လွှတ်ခြင်း ခံခဲ့ရလျက်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနုတ်မည်၊ အကယ်၍ သင်သည် သူ့ကို ယုံကြည်ပါက သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရပြီး သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ပေ။ ဤသည်မှာ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လိုသည့်အရာ ကျန်နေသေး၍ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ Read More »

Myanmar New Gospel Song (လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ)

ဝေါ…… ဟာလေလုယာ …
လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကို
ဘုရားသခင် ဖန်ဆင်းပြီးကတည်းက
ကမ်ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီ
လူတွေရဲ့ အဆိုးဆုံးငြင်းပယ်မှုကို ခံစားခဲ့
ပျက်ရယ်ပြုခြင်းများစွာ တွေ့ကြုံခဲ့
ကမ်ဘာမြေပေါ် ဘုရားကြွလာတာကို ဘယ်သူမှ မကြိုဆိုဘူး
နှစ် ထောင်ချီခက်ခဲမှုများ သူခံစားခဲ့
လူသားများရဲ့အကျင့်ဆိုးတွေ သူ့အသည်းကို ဟပ်သပ်ကွဲစေပြီ
လူတွေပုန်ကန်မှု ထပ်ပြီး သူ ဂရုမစိုက်နိုင်တော့့ပြီ
သူတို့ကို ပြောင်းလဲပြီး သန့်ရှင်းစေဖို့သာ သူ ကြံစည်
တစ်ခုတည်းသော ဘုရားရဲ့ဆန္ဒဟာ
သူတို့နားထောင် လိုက်လျှောက်ဖို့…
သူ့အသွေးအသားရှေ့မှောက်မှာ အရှက်ရပြီးသူ ့ကို မငြင်းပယ်ဖို့
လူတိုင်းအတွက် သူ့ရဲ့ဆန္ဒဟာ ယနေ့ သူ တည်ရှိကြောင်း
လူတိုင်း ရိုရိုးလေး ယုံကြည်ဖို့
ဟူး… ဟူး… ဟာလေလုယာ…
ဘုရားသည် အသွေးအသား၌ ပြက်ရယ်ပြုခြင်း ခံစားပြီ
ထုတ်ပယ်ခြင်း၊ ကားတိုင်တင်ခြင်းတို့ကိုလည်းပဲ
လူ့လောကရဲ့အဆိုးဆုံးတွေကိုလည်း သည်းခံနေ
ကောင်းကင်ဘုံအဘလည်း မကြည့်ရက်ဘူး
မျက်နှာတော်လွဲကာ မျက်စိပိတ်ထား
သူချစ်တဲ့သား ပြန်လာမယ့်အချိန် စောင့်မျှော်နေ
နှစ် ထောင်ချီခက်ခဲမှုများ သူခံစားခဲ့
လူသားများရဲ့အကျင့်ဆိုးတွေ သူ့အသည်းကို ဟပ်သပ်ကွဲစေပြီ
လူတွေရဲ့ပုန်ကန်မှု ထပ်ပြီး သူ ဂရုမစိုက်နိုင်တော့ပြီ
သူတို့ကို ပြောင်းလဲပြီး သန့်ရှင်းစေဖို့သာ သူ ကြံစည်
တစ်ခုတည်းသော ဘုရားရဲ့ဆန္ဒဟာ သူတို့ နားထောင်လိုက်လျှောက်ဖို့
သူ့အသွေးအသားရှေ့မှောက်မှာ အရှက်ရပြီး သူ့ကို မငြင်းပယ်ဖို့
လူတိုင်းအတွက် သူ့ရဲ့ဆန္ဒဟာ ယနေ့ သူတည်ရှိကြောင်း
လူတိုင်း ရိုရိုးလေးယုံကြည်ဖို့Read More »

မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ

အသက်, ဘုရားသခင်, ကျေးဇူးတော်, ဓမ္မသီချင်းများ, ဝိညာဉ်,

I
အစအဦး၌ ဘုရားသခင် လူကို ဖန်ဆင်းတော်မူ
ဘုရားက ဘဝရဲ့အခရာ လူသားတွေရဲ့ ဘိုး၊ ဘင်
ရုပ်သွင်အပြည့်နဲ့ အာဒံကို ဖန်ဆင်း
ဘုရားသခင် ဘုန်းတော်ဝန်းရံလျက် အာဒံနိုးထလာ
ဧဝဟာ ဘုရားဖန်ဆင်းတဲ့ အာဒံ နံရိုးမှ
ပထမဦးဆုံး လူမိန်းမပါ
သူမလည်း လူသားတို့ရဲ့ ဘိုး၊ ဘင်
ဘုရား၏ အသက်မှုတ်သွင်းခြင်းနှင့် ဘုန်းတန်ခိုးမှ
အာဒံနဲ့ ဧဝ နိုးထလာ
အို…ဘုရားသခင် အာဒံကို ဖန်ဆင်းတဲ့နေ့ အို…ကျက်သရေရှိတဲ့နေ့
အို…ဘုရား ဧဝကိုဖန်ဆင်းတဲ့နေ့ အို…ကျက်သရေရှိတဲ့နေ့
သူတို့ဟာ ဘုရားရဲ့ရတနာ အစစ် လူသားတွေရဲ့ ဘိုး၊ ဘင်
သူတို့ဟာ ယောကျ်ား နဲ့ မိန်းမ စိတ်ဝိညာဉ်နဲ့ သက်ရှိဘဝတွေပါ

Read More »

Myanmar Gospel Movie (တံခါးကိုခေါက်နေခြင်း) Wise Virgins Meet the Return of the Lord

လွန်ခဲ့တဲ့နှစ်နှစ်ထောင်ခန့်က သခင်ယေရှုဟာ ယခုလို ပရောဖက်ပြုခဲ့ပါတယ်။ “သန်းခေါင်ယံ၌ ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြေွးကြော်လျှင်” (ရှင်မဿဲခရစ်ဝင် ၂၅:၆)။ “နား​ထောင်​လော့။ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာဒိတ်ကျမ်း ၃:၂၀)။ လွန်ခဲ့တဲ့နှစ်နှစ်ထောင်လုံးလုံးမှာ ကိုယ်တော်ရှင်ကို ယုံကြည်သူတွေဟာ ကိုယ်တော်ရှင် တံခါးလာခေါက်မှာကို ဂရုတစိုက်နဲ့ စောင့်မျှော်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်တော်ရှင် ပြန်ကြွလာတဲ့အခါ လူသားရဲ့တံခါးကို ဘယ်လိုခေါက်မှာတဲ့လဲ။ နောက်ဆုံးသောကာလမှာ သခင်ယေရှုဟာ လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လည်ကြွရောက်နေပြီဖြစ်ပြီး၊ နောက်ဆုံးသောကာလရဲ့တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေတယ်လို့ လူတချို့က သက်သေခံထားကြတယ်။ ဒီသတင်းဟာ ဘာသာရေးလောကတစ်ခုလုံးကို တုန်လှုပ်သွားခဲ့တာပါ။ ယခု ဇာတ်လမ်းရဲ့ဇာတ်ကောင်ဖြစ်တဲ့ ယန်အိုက်ကွမ်းဟာ ကိုယ်တော်ရှင်ကို ဆယ်စုနှစ်ပေါင်းများစွာ ယုံကြည်ခဲ့သူဖြစ်ကာ၊ တရားဟောပြောခြင်းအလုပ်တွေကို အမြဲတစေတက်ကြွစွာပါဝင်ပြီး၊ ကိုယ်တော်ရှင် ပြန်ကြွလာခြင်းကို ကြိုဆိုဖို့စောင့်မျှော်နေခဲ့သူပါ။ တစ်နေ့မှာတော့ သူမရဲ့အိမ်တံခါးကို လူနှစ်ယောက်က တံခါးလာခေါက်ပြီး၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ကြောင်း ပြောပြတဲ့အပြင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ယန်အိုက်ကွမ်းနဲ့ သူ့ခင်ပွန်းအတွက် ဝေမျှပါတယ်။ သူတို့ဇနီးမောင်နှံဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကြောင့် တော်တော့်ကို စိတ်လှုပ်ရှားသွားခဲ့ရတယ်။ ဒါပေမယ့်လည်း သင်းအုပ်ဆရာ၊ သင်းထောက်တွေရဲ့ယုတ္တိအမှားတွေ၊ လှည့်ဖြားမှုတွေနဲ့ ချုပ်ချယ်မှုတွေကို ခံထားရတဲ့ ယန်အိုက်ကွမ်းဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့သက်သေခံသူတွေကို သူမရဲ့အိမ်ကနေ နှင်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သက်သေခံသူတွေဟာ ယန်အိုက်ကွမ်းတို့အိမ်တံခါးကို ကြိမ်ဖန်များစွာလာခေါက်ကြပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖတ်ပြရင်း၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့အမှုတော်ကို သက်သေခံတယ်။ ဒီအချိန်အတွင်းမှာလည်း သင်းအုပ်ဆရာက ယန်အိုက်ကွမ်းကို အကြိမ်ကြိမ်နှောင့်ယှက်တားဆီးခဲ့တဲ့အတွက် သူမဟာ ဆက်ပြီးဝေခွဲမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကြားလိုက်ရတဲ့အတွက် သမ္မာတရားကို သိရှိနားလည်လာပြီး၊ သင်းအုပ်ဆရာနဲ့သင်းထောက်တွေ ဖြန့်ဝေထားတဲ့ ယုတ္တိအမှားတွေ၊ ကောလာဟာလတွေအပေါ် ချင့်ချိန်နိုင်စွမ်း ရှိလာခဲ့တယ်။ နောက်ဆုံးသောကာလ ကိုယ်တော်ရှင် ပြန်ကြွတဲ့အခါ လူတွေရဲ့တံခါးကို ဘယ်လိုခေါက်မယ်ဆိုတာနဲ့ ကိုယ်တော်ရှင်ကို ဘယ်လိုကြိုဆိုသင့်တယ်ဆိုတာကိုလည်း သူမဟာ နောက်ဆုံးမှာ နားလည်သွားခဲ့တယ်။ ဒီလိုရှုပ်ထွေးမှုတွေ ကင်းစင်သွားတဲ့အခါမှာတော့ ယန်အိုက်ကွမ်းဟာ ဘုရားရဲ့အသံတော်ကို နောက်ဆုံးမှာ ကြားနိုင်ခဲ့ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်ကြွလာခြင်း အမှန်တကယ်ဖြစ်မှန်း အသိအမှတ်ပြုနိုင်ခဲ့ပါတယ်။Read More »

Myanmar Gospel Movie (မှန်ကန်သော ကိုးကွယ်ခြင်း၏နက်နဲသောအရာ) | Focus on the Latest Work of God

လင်ပိုအန်းဟာ တရုတ်နိုင်ငံမှာရှိတဲ့ အိမ်တွင်းဘုရားကျောင်းတစ်ခုမှာ သင်းထောက်တစ်ယောက်ဖြစ်ပါတယ်။ သခင်ယေရှုခရစ်တော်အကြောင်း သိနားလည်ခွင့်ရခြင်း၊ ကိုးကွယ်ခွင့်ရခြင်းအပေါ် သူ့ဘဝတစ်လျှောက်လုံး လောကမှာ တခြားအရာတွေအားလုံးထက် တန်ဖိုးထားခဲ့သူဖြစ်ပြီး၊ သခင်အတွက် ဆင်းရဲဒုက္ခခံရခြင်းကိုလည်း ဂုဏ်ယူခဲ့သူတစ်ယောက်ပါ။ ကံကြမ္မာက ဖန်တီးလာတဲ့တစ်ရက်မှာတော့ သူဟာ တရားဟောပြောဖို့သွားရင်း၊ တုန်လှုပ်စရာသတင်းတချို့ကို ကြားလိုက်ရတယ်။ သခင်ယေရှုဟာ လူ့ဇာတိခံပြီး ပြန်လည်ကြွရောက်နေပြီတဲ့လေ။ ကိုယ်တော်ဟာ နောက်ဆုံးသောကာလရဲ့ခရစ်တော်..အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်တဲ့။ လင်ပိုအန်းဟာ နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ သခင် ပြန် ကြွလာမယ်ဆိုရင်၊ ကောင်းကင်ထက်ကနေ ကြွလာရမှာလေ။ ဒါကြောင့် ကိုယ်တော်ဟာ ဘာကြောင့် လူ့ဇာတိခံပြီး၊ အမှုတော်ကို လျှို့ဝှက်ဆောင်ရွက်ရတာလဲ။ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်း နောက်ကွယ်မှာ ဘယ်လိုနက်နဲမှုတွေရှိနေလဲ။ သခင် ပြန်လည်ကြွရောက်နေပြီဆိုရင်၊ ကျွနု်ပ်တို့တွေဟာ ဘာကြောင့် ချီဆောင်ခြင်းမခံရသေးတာလဲ။ ဒီလိုနဲ့ လင်ပိုအန်းအပါအဝင် သူ့မိတ်ဆွေတွေနဲ့အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ရဲ့တရားဟောဆရာတွေဟာ အပြင်းအထန်ဆွေးနွေးမိကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန် ကြွလာခြင်းလား၊ လူ့ဇာတိခံတဲ့ ဘုရားသခင် ပေါ်ထွန်းခြင်းလားဆိုတာတွေပေါ့။ သူတို့တတွေဟာ နောက်ဆုံးမှာ ဒါတွေကို နားလည်သွားကြမှာလား။

အကြံပြုစာမျာ: ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်