ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ

ကယ်တင်ရှင်သည်, ဆုတောင်း, ဘုရားသခင်, ယေရှု, ဧဝံဂေလိ စာအုပ်

သင်တို့အားလုံးသည်ဘုရားသခင်၏ရှေ့၌ ဆုလဒ်များရလျှင်၊ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင် နှစ်သက်သောသူများ ဖြစ်လျှင် ဝမ်းမြောက်ကြ၏။ ဘုရားသခင်ကို စတင် ယုံကြည်လက်ခံပြီး သူတိုင်း ထိုသို့ ဆန္ဒရှိကြပါသည်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် သာ၍ကောင်းသော အရာများကိုရရှိရန် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားတတ်ပြီး မည်သူကမျှ သူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူသားသည် ထိုသို့လုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် သင်တို့အထဲမှ တော်တော် များများသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်၏ နှစ်သက်မှုကို ရရှိရန် စဉ်ဆက်မပြတ် ကြိုးစားကြခြင်းဖြစ်သည်။ သို့သော် အမှန်တရားတစ်ခုမှာ ဘုရားသခင်အပေါ်၌ ထားသော သင်တို့၏ သစ္စာနှင့် ရိုးသားမှုသည် သင်တို့ အပေါ် သင်တို့ ထားသော သစ္စာ၊ ရိုးသားမှုတို့နှင့် ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အပေါ်၌ထားရှိသော သင်တို့၏သစ္စာကို ငါလုံးဝအသိအမှတ် မပြုသောကြောင့် အပြင် သင်တို့၏ နှလုံးသားများအထဲ၌ ဘုရားသခင်တည်ရှိနေမှုကို ငါလက်မခံသောကြောင့်ဖြစ်သည်။ သင်တို့ကိုးကွယ်ကြသော မပီပြင်သော ဘုရားသခင်သည် တနည်းအားဖြင့် သင်တို့နှစ်သက်ကြသည့် ထိုဘုရားသခင်သည် လုံး၀မရှိ ဟု ငါပြောနေခြင်း ဖြစ်သည်။ ဤသို့ ငါသေသေချာချာ ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏နှလုံးသားများအထဲ၌ ရှိသော ရုပ်တုဆင်းတုကြောင့်သာ သင်တို့၌ သစ္စာရှိခြင်းဖြစ်ပြီး ငါ့ကိုမူ သင်တို့၏ မျက်စိထဲတွင် ကြီးမြတ်သော ဘုရားသခင်ဟုလည်း မမြင်၊ သေးငယ်သော ဘုရားသခင်ဟုလည်း မမြင်ကြ။ သင်တို့သည် ငါ့ကို စကားဖြင့်သာ အသိအမှတ်ပြု ကြသည်။ သင်တို့သည် ဘုရားသခင်နှင့် အလွန်ဝေးကွာနေသည်ဟု ငါပြောသည်မှာ သင်တို့သည် မပီပြင်သောဘုရားသခင် အနီး၌သာရှိပြီး စစ်မှန်သော ဘုရားသခင်နှင့်မူ အလွန်ဝေးနေ သည်ဟု ပြောခြင်းဖြစ်သည်။ “မကြီးမြတ်သော” ဟူသည့် စကားကို ငါပြောသည်မှာ “သင်တို့ ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစ မရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်ဟု ထင်ရသည်” ဟူသည့် အဓိပ္ပါယ်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်ပြီး “မသေးငယ်သော” ဟူသည့် စကားကို ငါပြောသည်မှာ ဤလူသည် လေလာအောင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း သူသည် ဘုရားသခင်၏ ဝိညာဉ်ကို ခေါ်ပြီး ကောင်းကင်နှင့် မြေကြီးတုန်လှုပ်စေသည့်အမှုကို ပြု နိုင် ခဲ့သည်၊ လူကို လုံးဝဥဿုံ ဝေခွဲမရ ဖြစ်စေခဲ့သည် ဟုဆိုလိုသည်။ အပြင်ပန်းမှကြည့်လျှင် သင်တို့သည် လောက၌ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း တကယ့်တကယ်တမ်းတွင် သင်တို့သည် ခရစ်တော်ကို မယုံကြည်ကြ၊ ချစ်လည်း မချစ်ကြ။ ငါဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့ခံစားချက်များအထဲရှိ မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ သင်တို့စစ်မှန်စွာ ချစ်သည်မှာ သင်တို့ နေ့ရော ညပါ သင်တို့ တောင့်တကြ သော်လည်း လူကိုယ်တိုင် မမြင်ဖူးသည့် မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ ခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ အလွန်နည်းပြီး သူ့အပေါ် သင်တို့၏အချက်မှာ ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ ယနေ့ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် များစွာ လိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သင်တို့သည် သူ၏ စိတ်သဘောထားကို လုံး၀နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ။ သို့ဖြစ်လျှင် သင်တို့သည် သူ့ကို မည်သို့ ယုံကြည်ကြ သနည်း။ သူ့အပေါ် သင်တို့ယုံကြည်ကြောင်း အမှန်တရားသည် အဘယ်မှာနည်း။ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သူ့ကို သင်တို့ ချစ်ကြောင်း အမှန်တရားမှာ အဘယ်မှာနည်း။Read More »