ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဆုတောင်း, ဘုရားသခင်, ယေရှု, သမ္မာတရား, အသင်းတော်

အစအဦး၌ ဘုရားသခင်သည် အနားယူလျက် ရှိနေခဲ့သည်။ ထိုအချိန်က ကမ္ဘာမြေကြီးပေါ်တွင် လူသားများ သို့မဟုတ် အခြားမည်သည့်အရာမျှ မရှိခဲ့ပေ၊ ထို့ပြင် ဘုရားသခင်သည် မည်သည့်အလုပ်ကိုမျှ မလုပ်ဘဲ ရှိနေခဲ့သည်။ ဘုရားသခင်သည် သူ၏စီမံခန့်ခွဲမှုအလုပ်ကို လူသားတည်ရှိလာပြီး လူသားဖောက်ပြန်ပျက်စီးလာခဲ့ချိန်မှသာ စတင်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်သည် မည်သည့်အခါမျှ အနားမယူတော့ဘဲ လူသားများအကြားတွင် သူကိုယ်တိုင် စတင်၍ အလုပ်များနေခဲ့သည်။ လူသား၏ ဖောက်ပြန်ပျက်စီးမှုကြောင့် ဘုရားသခင်သည် အနားမယူတော့ခြင်းဖြစ်ပြီး၊ ကောင်းကင်တမန်မင်း၏ ပုန်ကန်မှုကြောင့်လည်း ဘုရားသခင်သည် အနားမယူတော့ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် စာတန်ကို နှိမ်နင်းပြီး ဖျက်ဆီးခြင်းခံရသည့် လူသားကို မကယ်တင်ပါက ဘုရားသခင်သည် အနားယူခြင်းထဲသို့ မည်သည့်အခါမျှ နောက်တစ်ကြိမ် ဝင်ရောက်နိုင်မည်မဟုတ်ပေ။ လူသားသည် အနားယူခြင်း ကင်းမဲ့သကဲ့သို့ ဘုရားသခင်သည်လည်း အလားတူပင်ဖြစ်သည်။ ဘုရားသခင်သည် အနားယူခြင်းထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သည့်အခါ လူသားသည်လည်း အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ အနားယူနေသည့် အသက်တာတွင် စစ်ပွဲမရှိ၊ ညစ်ညမ်းမှုမရှိ၊ မဆုတ်မနစ်သော မဖြောင့်မတ်မှုတို့ မရှိချေ။ စာတန်၏ နှောင့်ယှက်ခြင်း (ဤနေရာတွင် “စာတန်” သည် ရန်လိုသော အင်အားစုများကိုရည်ညွှန်းသည်)၊ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းသာမက ဘုရားသခင်ကို ဆန့်ကျင်သော အင်အားစုတစ်ခုခု၏ ကျူးကျော်ခြင်းတစ်ခုမျှ မရှိကြောင်းဆိုလိုသည်။ အရာအားလုံးသည် ကိုယ့်အမျိုးအစားနောက်ကိုယ်လိုက်ကြပြီး ဖန်ဆင်းခြင်း၏သခင်ကို ကိုးကွယ်ကြသည်။ ကောင်းကင်နှင့်မြေကြီးသည် အကြွင်းမဲ့ ငြိမ်သက်အေးချမ်းလျက်ရှိသည်။ Read More »