ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့သည့်အချိန်သည် ဘုရားသခင်မှ ကောင်းကင်နှင့်မြေကြီး အသစ်တစ်ဖန်ပြန်၍ပြုလုပ်ပြီးချိန် ဖြစ်မည်

ဆုတောင်း, ယေရှု, ဘုရားသခင်, ဧဝံဂေလိ စာအုပ်, ကယ်တင်ရှင်သည်

သင်သည် ယေရှုကိုမြင်တွေ့လိုသလော။ ယေရှုနှင့်အတူနေလိုသလော။ ယေရှုပြောသည့် နှုတ်ကပတ်တော်များကို ကြားလိုသလော။ သို့ဖြစ်ပါက ယေရှုတစ်ဖန်ကြွလာမည်ကို သင်မည်သို့ ကြိုဆိုမည်နည်း။ သင်အလုံးစုံပြင်ဆင်ပြီးပြီလော။ ယေရှုတစ်ဖန်ကြွလာမည်ကို သင်မည်သည့်နည်းဖြင့် ကြိုဆိုမည်နည်း။ ယေရှုနောက်သို့လိုက်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် ယေရှုကို ကောင်းစွာကြိုဆိုလိုကြလိမ့်မည်ဟု ငါထင်သည်။ သို့သော် ယေရှုတစ်ဖန်ကြွလာချိန်၌ သူ့ကို အမှန်စင်စစ် သင်တို့သိနေလိမ့်မည်လောဟူသည်ကို သင်တို့သည် စဉ်းစားပြီးပြီလော။ သူပြောသည့် ခပ်သိမ်းသောနှုတ်ကပတ်တော်များကို သင်တို့အမှန်ပင်နားလည်မည်လော။ သူဆောင်ရွက်သည့် အမှုခပ်သိမ်းကို သင်တို့ အမှန်ပင် ခြွင်းချက်မရှိလက်ခံမည်လော။ ကျမ်းစာဖတ်ဖူးသူတိုင်း ယေရှု တစ်ဖန်ကြွလာမည့်အကြောင်းကိုသိပြီး ကျမ်းစာဖတ်ဖူးသူတိုင်း သူကြွလာမည့် နေ့ရက်ကို မမှိတ်မသုန် စောင့်နေကြ၏။ သင်တို့သည် ရောက်လာမည့် ထိုအချိန်ကို အစွဲအလမ်းကြီးနေကြပြီး သင်တို့၏ရိုးသားမှန်ကန်မှုသည် ချီးမြှောက်ထိုက်၏။ သင်တို့၏ ယုံကြည်ခြင်းသည် အမှန်တကယ်ပင် အားကျစရာကောင်း၏။ သို့သော် သင်တို့သည် ကြီးလေးသော အမှားတစ်ရပ်ကိုကျူးလွန်မိကြောင်း သိကြသလော။ ယေရှုသည် မည်သည့်နည်းဖြင့် တစ်ဖန်ပြန်ကြွလာမည်နည်း။ ယေရှုသည် ဖြူသောမိုးတိမ်ပေါ်မှနေ၍ တစ်ဖန်ပြန်ကြွလာမည်ဟု သင်တို့ယုံကြည်သည်။ သို့ရာတွင် သင်တို့ကို ငါမေးစရာရှိ၏။ ဤဖြူသောမိုးတိမ်သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယေရှုတစ်ဖန်ကြွလာရန်စောင့်နေသော သူ့နောက်လိုက်သူ အများအပြားရှိနေသဖြင့် မည်သူတို့အကြား သူဆင်းသက်ရမည်နည်း။ သင်တို့သည် ယေရှု ပထမဆုံး ဆင်းသက်သောသူတို့အကြားတွင် ရှိနေလျှင် ဤသည်မှာ အလွန်အကျွံ မတရားမှုဟု အခြားသူများ မြင်မည်မဟုတ်လော။ သင်တို့သည် ယေရှုအပေါ် လွန်စွာရိုးသားမှန်ကန်၍ သစ္စာရှိသည်ကို ငါသိသော်လည်း သင်တို့သည် ယေရှုကို မြင်ဖူးသလော။ သူ၏စိတ်နေသဘောထားကို သိသလော။ သူနှင့်အတူ နေဖူးသလော။ သူ့အကြောင်း သင်တို့ အမှန်တကယ် မည်မျှနားလည်သနည်း။ အချို့က ဤစကားများသည် ၎င်းတို့ကို အနေရခက်ကာ စိတ်အကျပ်အတည်းဖြစ်စေသည်ဟု ဆိုမည်။ “ကျွန်ုပ်သည် ကျမ်းစာကို အစအဆုံး ကြိမ်ဖန်များစွာ ဖတ်ပြီးပါပြီ။ ယေရှုကို ကျွန်ုပ်နားမလည်ဘဲ အဘယ်သို့ရှိမည်နည်း။ ယေရှု၏စိတ်နေသဘောထားကိုမဆိုနှင့် ကိုယ်တော်ဝတ်ဆင်လိုသည့် အဝတ်အစားအရောင်ကိုပင် ကျွန်ုပ်သိပါ၏။ ယေရှုကို ကျွန်ုပ်နားမလည်ဟု ကိုယ်တော်ဆိုသည့်အခါ ကျွန်ုပ်ကိုချိုးနှိမ်ခြင်း မဟုတ်ပါလော” ဟု ထိုသူတို့ဆိုမည်။ ဤကိစ္စရပ်များကို အငြင်းမပွားရန် ငါအကြံပြု၏။ စိတ်ကို ငြိမ်သက်စေပြီး အောက်ပါမေးခွန်းများအကြောင်း ဆွေးနွေးပြောဆိုပါက ပို၍ကောင်း၏။ ဦးစွာပထမ လက်တွေ့အရှိတရားသည် မည်သည့်အရာဖြစ်ပြီး သဘောတရားသည် မည်သည့်အရာဖြစ်ကြောင်း သင်သိသလော။ ဒုတိယအနေဖြင့် အယူအဆသည် မည်သည့်အရာဖြစ်ပြီး၊ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို သင်သိသလော။ တတိယအနေဖြင့် မည်သည့်အရာသည် စိတ်ကူးဖြစ်ပြီး၊ မည်သည့်အရာသည် အမှန်တကယ်ဖြစ်သည်ကို သင်သိသလော။Read More »