အမျက်ဒေါသကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ အဘယ်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပါ

ဆုတောင်း, ဘုရားသခင်, ယုံကြည်ခြင်း, အသင်းတော်, ဧဝံဂေလိ

သင်တို့ကိုယ်တိုင် အသက်ရှင်ကျန်ရစ်ရန်၊ ငါ့လုပ်ငန်းဆောင်တာများလည်း ချောမွေ့စွာ အခြေအနေတိုးတက်လာရန်၊ တိုင်းနိုင်ငံအသီးသီးရှိ လူများထံသို့ ငါ့စကား၊ ငါ့အာဏာ၊ ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်းအကြောင်း ဖော်ပြရင်း စကြဝဠာတစ်ခွင်လုံး ငါအစပြုသည့်အလုပ်များကို ပိုမိုပြည့်စုံစွာနှင့် ပိုမိုသင့်တော်အောင် ဆက်လက် လုပ်ဆောင်ရန် ယနေ့တွင် သင်တို့ကို သတိပေးလိုက်ပါသည်။ သင်တို့အကြား ငါလုပ်ဆောင်သော အလုပ်သည် စကြဝဠာတစ်ခွင် လုပ်ဆောင်သော ငါ့အမှုများ၏ အစဖြစ်သည်။ ယခုအချိန်သည် နောက်ဆုံးသောကာလ ဖြစ်သော်လည်း “နောက်ဆုံးသော ကာလ” သည် ခေတ်ကာလတစ်ခု၏ အမည်သာ ဖြစ်သည်ကို သိရှိပါ။ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်ကဲ့သို့ ထိုအရာသည် ခေတ်ကာလတစ်ခုကို ရည်ညွှန်းထားခြင်းဖြစ်ပြီး၊ အနည်းငယ်သော နောက်ဆုံးနှစ် သို့မဟုတ် လများကို ညွှန်းဆိုထားခြင်းထက် ခေတ်ကာလတစ်ခုလုံးကို ညွှန်းဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း နောက်ဆုံးသော ကာလသည် ပညတ်တော်ခေတ်၊ ကဇူးတော်ခေတ်တို့ကဲ့သို့ လုံးဝမဟုတ်ပါ။ နောက်ဆုံးသောကာလ၏ လုပ်ငန်းကို ဣသရေလပြည်တွင် မလုပ်ဆောင်ဘဲ တစ်ပါးအမျိုးသားများ အကြားတွင် လုပ်ဆောင်သည်။ စကြဝဠာတစ်ခွင်ရှိ ငါ့ဘုန်းတန်ခိုးသည် အာကာသတစ်ခုလုံး ပြည့်နှံ့စေဖို့အလို့ငှာ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပရှိ တိုင်းနိုင်ငံများနှင့် လူမျိုးများမှ လူတို့ကို ငါ့ပလ္လင်ရှေ့တွင် သိမ်းပိုက်အောင်မြင်မှု ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ပိုမိုကြီးမားသော ဘုန်းတန်ခိုးကိုရရှိဖို့အလို့ငှာ၊ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် တိုင်းနိုင်ငံတိုင်းသို့ ငါ့ဘုန်းတန်ခိုးကို လက်ဆင့်ကမ်းနိုင်ဖို့ အလို့ငှာ၊ ကမ္ဘာပေါ်၌ ငါရယူသည့် ဘုန်းတန်ခိုးအားလုံးကို မျိုးဆက်အားလုံး၊ သက်ရှိအားလုံး မြင်တွေ့နိုင်ဖို့ရန်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ငါလုပ်ဆောင်သော အလုပ်သည် သိမ်းပိုက်ခြင်းလုပ်ငန်းဖြစ်သည်။ ထိုအရာသည် ကမ္ဘာပေါ်ရှိ လူသားများ အားလုံး၏အသက်ကို လမ်းပြခြင်း မဟုတ်ဘဲ ကမ္ဘာပေါ်၌ လူသားမျိုးနွယ်၏ မဆုံးနိုင်သော နှစ်ထောင်ချီကြာ ဒုက္ခခံစားရခြင်း၏ အဆုံးသတ်ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် နောက်ဆုံးသောကာလ၏အလုပ်သည် နှစ်ထောင်ပေါင်း အချို့မျှကြာသော ဣသရေလပြည်တွင် အလုပ်လုပ်ခြင်းနှင့် မတူညီနိုင်သကဲ့သို့၊ ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းမတိုင်မီအထိ ထောင်စုနှစ်နှစ်ခုစာ ဆက်လက်ကြာရှည်ခဲ့သည့် ယုဒပြည်ရှိ နှစ်ပေါင်းအချို့မျှသာ လုပ်ခဲ့သောအလုပ်နှင့်လည်း တူညီမှု မရှိနိုင်ပေ။ နောက်ဆုံးသောကာလ၏ လူတို့သည် ရွေးနုတ်သောသူ လူ့ဇာတိ၌ ပြန်လည် ပေါ်ထွန်းလာသည်ကိုသာ တွေ့ကြုံကြရပြီး ဘုရားသခင် ကိုယ်တိုင်၏ စကားတော်နှင့် အလုပ်ကို လက်ခံရရှိ ကြသည်။ နောက်ဆုံးသောကာလ အချိန်မကုန်ဆုံးမီ နှစ်ပေါင်း နှစ်ထောင် ကြာလိမ့်မည် မဟုတ်ပါ။ အချိန်သည် တိုတောင်းမည်ဖြစ်ကာ ယုဒပြည်၌ ကျေးဇူးတော်ခေတ်အတွင်း ယေရှု လုပ်ဆောင်ခဲ့သကဲ့သို့ ဖြစ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးသောကာလသည် ခေတ်ကာလတစ်ခုလုံး၏ အဆုံးသတ် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကာလသည် ဘုရားသခင်၏ နှစ်ပေါင်းခြောက်ထောင်ကြာ စီမံခန့်ခွဲမှု အစီအစဉ်အဆုံးသတ်နှင့် ပြီးမြောက်ခြင်း ဖြစ်ကာ လူသားမျိုးနွယ် ဒုက္ခခံစားရခြင်း အသက်တာ ခရီးလမ်း၏ အဆုံးသတ်လည်း ဖြစ်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်ကာလသစ်ထဲသို့ ယူဆောင်သွားခြင်း မရှိဘဲ လူသားမျိုးနွယ်၏ အသက်တာကိုလည်း ဆက်လက်အသက်ရှင်ဖို့ ခွင့်ပြုမထားပါ။ ထိုအရာသည် လူသား၏ ဖြစ်တည်မှု သို့မဟုတ် ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်အတွက် အဓိပ္ပာယ်မရှိပါ။ လူသားမျိုးနွယ်သည် ဤကဲ့သို့သာ ဆက်လက် အသက်ရှင်သန်နေမည်ဆိုပါက အနှေးနှင့်အမြန် ဆိုသလို သူတို့သည် စာတန်၏ လုံးလုံးလျားလျား ဝါးမြိုခြင်းကို ခံရပြီး၊ ငါပိုင်ဆိုင်သော ဝိညာဉ်များသည်ပင် နောက်ဆုံးတွင် စာတန်လက်ဖြင့် အဖျက်ဆီးခံကြရလိမ့်မည်။ ငါ့လုပ်ငန်းသည် နှစ်ပေါင်းခြောက်ထောင် ကြာညောင်းပြီး၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ဆိုးယုတ်သောသူ၏ ထိန်းချုပ်ခြင်းသည်လည်း နှစ်ပေါင်းခြောက်ထောင်ထက် မကြာစေရဟု ငါကတိပြုခဲ့သည်။ Read More »