လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့် ဘုရားအသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်

ဘုရားသခင်, ယေရှု, သမ္မာကျမ်းစာ, အသင်းတော်, ဧဝံဂေလိ စာအုပ်, အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်

ဘုရားသခင်၏ ဝိညာဉ်တော်သည် ကမ္ဘာမြေပေါ်၌ အလုပ်လုပ်နေသည်နှင့်အညီ ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာဖြစ်ပြီး ခေတ်ကာလများတစ်လျှောက် ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ဖို့ အသုံးပြုခဲ့ပြီးသည်မှာ လူများစွာဖြစ်သည်သည်။ သို့သော် ဤကာလအားလုံးတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် သင့်လျော်သော ကျိန်းဝပ်ရာနေရာ မရှိသေးပါ၊ ထို့ကြောင့်ပင် ဘုရားသခင်သည် သူ၏အမှုတော်ကို လုပ်ဆောင်ရန် ကွဲပြားခြားနားသောလူတို့ကို လှည့်ပြောင်းသည်။ ခြုံကြည့်သော် သူ၏အမှုကိုလုပ်ဆောင်သည်မှာ လူတို့မှတစ်ဆင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဤနှစ်များတစ်လျှောက်၌ ဘုရားသခင်၏အမှုမှာ မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိဘဲ ယနေ့ထိတိုင်အောင် လူတို့အထဲ၌ ဆက်လက်ရှေ့ဆက် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ မြွက်ဆိုခဲ့ပြီး အမှုများစွာ ပြုပြီးသော်ငြား လူသည် ဘုရားသခင်ကို မသိသေးပေ၊ အကြောင်းမှာ ဘုရားသခင်သည် လူသားထံ မည်သည့်အခါမျှ မပေါ်ထွန်းခဲ့သောကြောင့်သာဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သော ပုံသဏ္ဌာန်မရှိခြင်းကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့်ပင် လက်တွေ့ကျသော ဘုရားသခင်၏ လက်တွေ့ကျသော အဓိပ္ပာယ်ကို လူအပေါင်းတို့အား သိစေခြင်းအမှုဖြစ်သော ဤအမှုကို ဘုရားသခင်သည် အပြီးသတ်ခြင်းသို့ ရောက်စေရမည်ဖြစ်သည်။ ဤအဆုံးသတ်ကို ရရှိဖို့အတွက် ဘုရားသခင်သည် လူသားမျိုးနွယ်ထံ သူ၏ ဝိညာဉ်တော်အား လက်ဆုပ်လက်ကိုင်ပြနိုင်အောင် ထုတ်ဖော်ပြီး ၎င်းတို့အလယ်တွင် သူ၏အမှုကို လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်အနေဖြင့် ရုပ်ခန္ဓာပုံသဏ္ဌာန် အသွင်ဆောင်ပြီး အသားနှင့် အရိုးတို့ကို ပိုင်ဆိုင်ကာ လူတို့ကြားတွင် ထင်ထင်ရှားရှား သွားလာပြီး၊ မိမိကိုယ်ကို တစ်ခါတစ်ရံပြသကာ တစ်ခါတစ်ရံ ဖုံးကွယ်ရင်းဖြင့် ၎င်းတို့၏ ဘဝအသက်တာများ၌ ၎င်းတို့ကို အဖော်ပြုသောအခါမှသာ လူတို့သည် သူ့ကို ပိုမိုနက်ရှိုင်းစွာ သိနားလည်ခြင်းသို့ ရောက်နိုင်မည်ဖြစ်သည်။ Read More »