ဘုရားသခင်ရဲ့ အမှုတော် အောင်မြင်မှုကိုချီးမွမ်းပါ

 

I
ဘုရားရဲ့ အမှုတော်မြတ်တွေ အရမ်းအပြောင်းအလဲမြန်တယ်။
ယုံရခက်တယ်၊ ယုတ္တိရှိတယ်။
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါ။ အရင်နဲ့မတူ
အားလုံး ဆန်းသစ်လှပနေပြီ
အရာရာပြန်လည်လန်းဆန်းလို့ ပြောင်းလဲနိုးကြွလာပြီ
ဘုရားရဲ့လူသားတွေ ချီးမွမ်းပြီ၊ ဝမ်းမြောက်ပြီ
ချီးမွမ်းတေးများ မိုးယံသို့လွင့်ပြန်ပြီ
ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့
လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ
ချီးမွမ်းကြ၊ ကြွေးကြော်ကြ၊ သီဆိုကြစို့
လူသားအားလုံး အားပါးတရ ဘုရားကိုချီးမွမ်းပြီ
ဘုရားရဲ့အံ့သြဖွယ် ဆောင်ရွက်ချက်ကို ချီးမွမ်းကြစို့
မကျရှုံးနိုင်တဲ့ ဉာဏ်ပညာကို ချီးမွမ်းကြစို့
ဘုရားရဲ့သမာဓိကို ချီးမွမ်းကြစို့
ဘုရားရဲ့သစ္စာစိတ်နှင့်ကြင်နာစိတ်ကို ချီးမွမ်းကြစို့
ဘုရားစကားကြောင့် တို့သန့်စင်ပြီး
အကျင့်ပျက် ပင်ကိုစရိုက်တွေ ပြောင်းလဲခဲ့ပြီ
ဘုရားရဲ့အမှုတော်တွေကို
သက်သေခံတဲ့ တာဝန်ကို ဂုဏ်ယူစွာလက်ခံခဲ့ပြီ။
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့
ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြစို့
သူ့ကို ရင်ထဲကနေ ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြစို့Read More »

အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း

ဘုရားသခင်, သမ္မာတရား, ဆုတောင်း, ယေရှု, ကောင်းကင်နိုင်ငံတော်

သင်၏စိတ်နှလုံးထဲ၌ အလွန်ကြီးမားသောလျှို့ဝှက်ချက်တစ်ခုရှိ၍ သင်သည် အလင်းကင်းမဲ့သောလောကထဲ၌ အသက်ရှင်နေထိုင်နေသည့်အတွက်ကြောင့် ၎င်းကို မည်သည့်အခါမျှ သတိမမူမိခဲ့ချေ။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်သည် ဆိုးယုတ်သောသူ၏ ဆွဲလုခြင်းကို ခံခဲ့ရ၏။ သင်၏မျက်လုံးများသည် မှောင်မိုက်၏ဖုံးကွယ်ခြင်းကို ခံရပြီး သင်သည် ကောင်းကင်မှနေလုံးကိုသာမက ညအခါ မှိတ်တုတ်မှိတ်တုတ်လင်းသောကြယ်ကိုလည်း မြင်နိုင်ခြင်း မရှိပေ။ သင်၏နားများမှာ လိမ်လည်လှည့်ဖြားသောစကားများဖြင့် ပိတ်ဆို့ခြင်းကိုခံရပြီး သင်သည် ယေဟောဝါ၏မြည်ဟည်းသောအသံကိုသာမက ပလ္လင်တော်မှ စီးဆင်းသောရေတို့၏အသံကိုလည်း မကြားရချေ။ သင်သည် တရားသဖြင့်ပိုင်ဆိုင်သမျှ၊ သင့်အပေါ် အနန္တတန်ခိုးရှင် ပေးအပ်သောအရာမှန်သမျှကို ဆုံးရှုံးခဲ့လေပြီ။ ကယ်မရန် တန်ခိုးမရှိ၊ ဆက်လက်ရှင်သန်ရန် မျှော်လင့်ချက်မရှိဘဲ အဆုံးမဲ့ဒုက္ခပင်လယ်တစ်ခုသို့ သင်ဝင်ရောက်ခဲ့ပြီး သင်ပြုသမျှမှာ ရုန်းကန်ခြင်းနှင့် အလောတကြီးလုပ်ဆောင်ခြင်းသာ ဖြစ်၏။ ယင်းအခိုက်အတန့်မှအစပြု၍ သင်သည် ဆိုးယုတ်သောသူ၏ဖိစီးနှိပ်စက်ခြင်းကိုခံရန်၊ အနန္တတန်ခိုးရှင်၏ကောင်းချီးမင်္ဂလာများနှင့် ဝေးကွာစေရန်၊ အနန္တတန်ခိုးရှင်၏ထောက်ပံ့မှုများနှင့် အလှမ်းဝေးစေရန်၊ ပြန်လမ်းမရှိသောလမ်းမတစ်ခု၌ လျှောက်လှမ်းစေရန် ပျက်စီးကိန်းသို့ရောက်ခဲ့၏။ အကြိမ်တစ်သန်း ခေါ်တော်မူခြင်းမှာ သင်၏စိတ်နှလုံးနှင့်ဝိညာဉ်ကို အနည်းငယ်မျှနှိုးဆွနိုင်ခြင်းမရှိပေ။ သင်သည် လမ်းညွှန် သို့မဟုတ် လမ်းပြအမှတ်အသားများမရှိသော အကန့်အသတ်မဲ့နယ်ပယ်တစ်ခုထဲသို့ သင့်အား သွေးဆောင်ခဲ့သည့် ဆိုးယုတ်သောသူ၏လက်ထဲ၌ နှစ်ခြိုက်စွာအိပ်စက်လေ၏။ ထိုအချိန်မှစ၍နောင်တွင် သင်သည် သင်၏မူလအပြစ်ကင်းစင်ခြင်းနှင့် သန့်ရှင်းခြင်းကို ဆုံးရှုံးခဲ့ရပြီး အနန္တတန်ခိုးရှင်၏စောင့်ရှောက်ခြင်းကို စတင်ရှောင်ရှားခဲ့၏။ သင်၏စိတ်နှလုံးအတွင်း၌ ဆိုးယုတ်သောသူသည် ကိစ္စအားလုံး၌ သင့်ကို ပဲ့ကိုင်ပြီး သင်၏အသက်ဖြစ်လာခဲ့သည်။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ ရှောင်တိမ်းခြင်း သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့ဘဲ သင်၏စိတ်နှလုံးထဲ၌ သူ့ကို ဘုရားသခင်အဖြစ် သဘောထားသည်။ သင်သည် သူ့ကို စတင်ကာ ရိုသေကိုင်းရှိုင်းခြင်း၊ ကိုးကွယ်ခြင်းပြု၍ သင်တို့နှစ်ဦးသည် သေခြင်းတရား၌ စိတ်နှစ်မြှုပ်သကဲ့သို့ အသက်ရှင်ခြင်း၌လည်း စိတ်နှစ်မြှုပ်ကာ ခန္ဓာကိုယ်နှင့် အရိပ်ကဲ့သို့ တစ်ပူးတွဲတွဲ ဖြစ်လာလေ၏။ သင်သည် မည်သည့်နေရာမှလာခဲ့ကြောင်း၊ အဘယ်ကြောင့် မွေးဖွားလာခဲ့ကြောင်း သို့မဟုတ် အဘယ်ကြောင့် သေဆုံးမည်ဖြစ်ကြောင်းကို လုံးဝမသိချေ။ သင်သည် အနန္တတန်ခိုးရှင်ကို သူစိမ်းတစ်ဦးကဲ့သို့ သဘောထား၏၊ သင့်အတွက် သူလုပ်ပေးခဲ့သည့်အရာအားလုံးကို သိရန်မဆိုထားနှင့် သူ၏ဇာစ်မြစ်များကိုပင် သင်မသိပေ။ သူ့ထံမှ လာသမျှသည် သင့်အတွက် မုန်းတီးဖွယ် ဖြစ်လာ၏၊ သင်သည် ၎င်းကို ချစ်ခင်မြတ်နိုးခြင်း မရှိသကဲ့သို့ ၎င်း၏တန်ဖိုးကိုလည်း မသိချေ။ သင်သည် အနန္တတန်ခိုးရှင်၏ထောက်ပံ့ခြင်းကို လက်ခံရရှိခဲ့သည့်နေ့မှအစပြု၍ ဆိုးယုတ်သောသူနှင့်တွဲဖက်၍ လျှောက်လှမ်းလေ၏။ သင်သည် ဆိုးယုတ်သောသူနှင့်အတူ မိုးသက်လေပြင်းများနှင့် မုန်တိုင်းများကို နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံခဲ့ပြီး သင်၏အသက်အရင်းအမြစ်ဖြစ်သော ဘုရားသခင်ကို သူနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဆန့်ကျင်၏။ သင်သည် ပျက်စီးခြင်းချောက်ကမ်းပါး၌ ရောက်ရှိနေပြီဖြစ်ကြောင်း သိရန်မဆိုထားနှင့်၊ နောင်တတရားအကြောင်း ဘာမျှမသိချေ။ ဆိုးယုတ်သောသူသည် သင့်ကို သွေးဆောင်ဖြားယောင်းပြီး ဖိစီးနှိပ်စက်ကြောင်း သင်မေ့လျော့လေပြီ၊ သင်သည် သင်၏ဇာစ်မြစ်များကို မေ့လျော့ခဲ့ခြင်းဖြစ်လေတကား။ ဆိုးယုတ်သောသူသည် လမ်းခရီးအဆင့်တိုင်း၌ သင့်အား ယနေ့တိုင် ဤနည်းအတိုင်း ဖိစီးနှိပ်စက်ခဲ့ခြင်းဖြစ်၏။ သင်၏စိတ်နှလုံးနှင့် ဝိညာဉ်တို့သည် ထုံထိုင်းပြီး ယိုယွင်းပျက်စီးစေခြင်းခံရ၏။ သင်သည် လူ့လောကကြီးထဲမှ စိတ်အနှောင့်အယှက်များအကြောင်း ညည်းတွားခြင်းကို ရပ်စဲခဲ့သည်၊ လောကကြီးမှာ တရားမျှတမှုမရှိဟူ၍ သင်ထင်မြင်ယူဆခြင်း မရှိတော့ပေ။ သင်သည် အနန္တတန်ခိုးရှင် တည်ရှိသည်၊ မတည်ရှိသည်ကို သာ၍ပင် ဂရုမစိုက်ချေ။ ဤအရာမှာ အဘယ်ကြောင့်နည်းဟူမူကား ဆိုးယုတ်သောသူသည် သင်၏စစ်မှန်သောဖခင် ဖြစ်သည်ဟု ကာလအတန်ကြာက သင်ယူဆခဲ့၍ သူ့ထံမှ မခွဲခွာနိုင်ခြင်းကြောင့်ဖြစ်၏။ ဤသည်မှာ သင်၏စိတ်နှလုံးအတွင်းမှ လျှို့ဝှက်ချက်ပေတည်း။Read More »

Myanmar Gospel Song (နိုင်ငံတော်) Christ Has Reigned as King

နိုင်ငံတော်
နိုင်ငံတော် သန့်ရှင်းသူများ၏ မြို့တော် ခရစ်တော်၏ နိုင်ငံတော်
နိုင်ငံတော်အတွင်းတွင်
ဘုရားသခင်၏ ကြွယ်၀မှုနှင့် ဘုန်းတော်သည် ပေါ်ထွန်းတောက်ပနေ
လျှပ်စစ်သည် အရှေ့အရပ်မှ ထွက်ပေါ်ကာ
အနောက်အရပ်သို့ ထွန်းတောက်
စစ်မှန်သောအလင်းသည် ဤနေရာတွင် ရှိသည်
ဘုရား၏စကားတော်သည် လူ့ဇာတိ၌ပေါ်ထွန်းနေ
ကယ်တင်ရှင်သည် မိုးတိမ်ဖြူစီးလျှက် ပြန်ကြွလာသည်မှာ ကြာချေပြီ။
ဘုရားသခင်အား ၀တ်ပြုရန် သန့်ရှင်းသူများသည်
ပလ္လင်တော်ရှေ့မှောက် ယနေ့ချီဆောင်ခံရ
အတိတ်ရှိ သန့်ရှင်းသူ များသည် နောက်ဆုံးသောကာလတွင်
ခိုင်မာစွာ ရပ်တည်ရန် ထမြောက်လာကြပြီ။
သူတော်စင်များသည် နတ်ဆိုးများ၏နယ်မြေ တရုတ်နိုင်ငံအတွင်းတွင်
ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်း နှိပ်စက် ခံကြရသည်။
နှစ်ပေါင်း ခြောက်ထောင်ကျော် သမိုင်းအတွင်း
သူတော်စင်များသည် သွေးသွန်းကာ မျက်ရည်ကျခဲ့ရသည်
အိမ်ပြန်ခွင့်မရ၊ တစ်နေရာမှ တစ်နေရာ
လွင့်မျော ခံရပြီး ခေါင်းချစရာ နေရာမရှိပါ
စိတ်ဆင်းရဲခြင်း၏ ချောက်နက်တွင်းတွင် နေရောင်မထွန်းတောက်သော
အမှောင်နေရာတွင် စာတန်၏ စစ်သည်ရဲမက်များ က
နှစ်ခြောက်ထောင်တိုက်ပွဲ နိုင်ငံတော်ရောက်ရှိလာရန်
သွေးနှင့် မျက်ရည်များဖြင့် ကြိုဆိုခဲ့ရRead More »

(မျှော်လင့်တောင့်တခြင်း) | How Are the Promises of Lord Jesus Fulfilled?

လွန်ခဲ့သည့် အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက သူ၏ နောက်လိုက်များကို ကတိပြုခဲ့သည်၊ “သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည် သွား၍ သင်တို့ နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” (ယော ၁၄:၂-၃)။ ဤအရာကြောင့်၊ ယုံကြည်သူ မျိုးဆက်များသည် သခင့်ကတိတော် ပြည့်စုံခြင်းအတွက် စွဲလမ်းစွာ မျှော်လင့်ပြီး ဆုတောင်းကြသည်။ ပြီးလျှင် သခင် ကြွလာသည့်အခါ၊ သူတို့သည် သခင့်ကို ဆုံတွေ့ရန်နှင့် ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်၊ ကောင်းကင်ဘုံသို့ ချီဆောင်ခံရကြရန်အလို့ငှာ မျှော်လင့်ပြီး၊ ဆုတောင်းကြလေသည်။

ဤအကြောင်းအရာသည် ယခု ရုပ်ရှင်၏ ဇာတ်ကောင်ဖြစ်သူ ချန်ရှန့်ကွမ်းအကြောင်းကိုလည်း ထင်ဟပ်သည်။ သူသည် စိတ်အားထက်သန်သော ရှာဖွေသူ၊ ဧဝံဂေလိဝေငှပြီး၊ သခင်၏ ကြွလာခြင်းကို ကြိုဆိုရန်အလို့ငှာ သခင့်ကို သက်သေခံသူဖြစ်သည်။ သူသည် ကျောင်းတွင် သူ၏ရာထူးမှ ဖယ်ရှားခံရပြီး၊ သူ့မိသားစုဝင်တို့ထံမှ နားလည်မှုကို မရရှိနိုင်ခဲ့သော်လည်း၊ သူ့စိတ်နှလုံးထဲရှိ မျှော်လင့်ချက်ကို သူ လုံးဝ အရှုံးမပေးခဲ့ပေ။ တစ်နေ့ စုဝေးစဉ်တွင်၊ ချန်ရှန့်ကွမ်းသည် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရသည်။ ဘုရားသခင်၏ အံ့ဖွယ် အုပ်စိုးမှုနှင့် စီမံမှုများအောက်တွင်၊ ခရစ်ယာန်တစ်ဦးဖြစ်သည့် ကျောက်ကျိမင်နှင့် သူ ကြုံဆုံရသည်။ သခင်၏ ပြန်ကြွလာခြင်းအတွက် မျှော်လင့် ဆုတောင်းရာ၌ သူ၏ နှစ်များစွာ ကြာခဲ့ပြီဖြစ်သော အယူအဆများနှင့် စိတ်ကူးများကို ကျောက်၏ မိတ်သဟာယက ဖြေရှင်းပေးလေသည်။ ထောင်က ထွက်ပြီးနောက်တွင်၊ ချန်ရှန့်ကွမ်းသည် တရားဟောဆရာ နှစ်ဦးနှင့် တွေ့ဆုံသည်။ ဘုရားနှုတ်ကပတ်တော်တို့အပေါ် သူတို့၏ မိတ်သဟာယမှတစ်ဆင့်၊ ကောင်းကင်နိုင်ငံထဲသို့ ချီဆောင်ခံရခြင်းသည် မည်သို့ဖြစ်သည်၊ နိုင်ငံတော်သည် အမှန်တကယ် မြေကြီးပေါ်မှာလော၊ ကောင်းကင်မှာလောဆိုသည်အပြင်၊ သခင်၏ ပြန်ကြွလာခြင်းကို လူတို့ မည်သို့ ကြိုဆိုသင့်သည်တို့ကို နောက်ဆုံးတွင် ချန်ရှန့်ကွမ်း နားလည်သဘောပေါက်လေသည်။

Myanmar Musical Drama ရှောင်ကျန်းရဲ့ ပုံပြင် (4) – ဆုတ်ယုတ်ခြင်း The Church of Almighty God

ဆိုးယုတ်သောကမ်ဘာနှင့် ရက်စက်သော လက်တွေ့လောကနှင့် ရင်ဆိုင်ပြီးနောက်တွင် ရှောင်ကျန်းသည် ဝမ်းနည်းကြေကွဲစွာနှင့် သူမ၏ ရိုးသားဖြူစင်မှုကို စွန့်ပစ်ခဲ့ပြီး မျက်နှာဖုံးတစ်ခုဝတ်ဖို့ ကြိုးစားခဲ့သည်။ အဲဒီအချိန် တစ်ခဏကနေစပြီး သူမသည် ဆုံးရှုံးသွားခဲ့သည်။…

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလများရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖန်တီးခဲ့သည်။၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လူသားတဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။

ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ

ကယ်တင်ရှင်သည်, ဆုတောင်း, ဘုရားသခင်, ယေရှု, ဧဝံဂေလိ စာအုပ်

သင်တို့အားလုံးသည်ဘုရားသခင်၏ရှေ့၌ ဆုလဒ်များရလျှင်၊ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင် နှစ်သက်သောသူများ ဖြစ်လျှင် ဝမ်းမြောက်ကြ၏။ ဘုရားသခင်ကို စတင် ယုံကြည်လက်ခံပြီး သူတိုင်း ထိုသို့ ဆန္ဒရှိကြပါသည်၊ အဘယ်ကြောင့်ဆိုသော် လူသားသည် သာ၍ကောင်းသော အရာများကိုရရှိရန် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားတတ်ပြီး မည်သူကမျှ သူများ၏နောက်တွင် မကျန်ခဲ့လိုသောကြောင့် ဖြစ်သည်။ လူသားသည် ထိုသို့လုပ်လေ့ရှိသည်။ ထို့ကြောင့်ပင် သင်တို့အထဲမှ တော်တော် များများသည် ကောင်းကင်ဘုံ၌ ရှိသော ဘုရားသခင်၏ နှစ်သက်မှုကို ရရှိရန် စဉ်ဆက်မပြတ် ကြိုးစားကြခြင်းဖြစ်သည်။ သို့သော် အမှန်တရားတစ်ခုမှာ ဘုရားသခင်အပေါ်၌ ထားသော သင်တို့၏ သစ္စာနှင့် ရိုးသားမှုသည် သင်တို့ အပေါ် သင်တို့ ထားသော သစ္စာ၊ ရိုးသားမှုတို့နှင့် ယှဉ်လျှင် အလွန်ပင် နည်းလှသည်။ ငါအဘယ်ကြောင့် ဤသို့ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် အပေါ်၌ထားရှိသော သင်တို့၏သစ္စာကို ငါလုံးဝအသိအမှတ် မပြုသောကြောင့် အပြင် သင်တို့၏ နှလုံးသားများအထဲ၌ ဘုရားသခင်တည်ရှိနေမှုကို ငါလက်မခံသောကြောင့်ဖြစ်သည်။ သင်တို့ကိုးကွယ်ကြသော မပီပြင်သော ဘုရားသခင်သည် တနည်းအားဖြင့် သင်တို့နှစ်သက်ကြသည့် ထိုဘုရားသခင်သည် လုံး၀မရှိ ဟု ငါပြောနေခြင်း ဖြစ်သည်။ ဤသို့ ငါသေသေချာချာ ပြောနိုင်သည်မှာ သင်တို့သည် စစ်မှန်သော ဘုရားသခင်နှင့် အလွန်ဝေးကွာနေသောကြောင့် ဖြစ်သည်။ သင်တို့၏နှလုံးသားများအထဲ၌ ရှိသော ရုပ်တုဆင်းတုကြောင့်သာ သင်တို့၌ သစ္စာရှိခြင်းဖြစ်ပြီး ငါ့ကိုမူ သင်တို့၏ မျက်စိထဲတွင် ကြီးမြတ်သော ဘုရားသခင်ဟုလည်း မမြင်၊ သေးငယ်သော ဘုရားသခင်ဟုလည်း မမြင်ကြ။ သင်တို့သည် ငါ့ကို စကားဖြင့်သာ အသိအမှတ်ပြု ကြသည်။ သင်တို့သည် ဘုရားသခင်နှင့် အလွန်ဝေးကွာနေသည်ဟု ငါပြောသည်မှာ သင်တို့သည် မပီပြင်သောဘုရားသခင် အနီး၌သာရှိပြီး စစ်မှန်သော ဘုရားသခင်နှင့်မူ အလွန်ဝေးနေ သည်ဟု ပြောခြင်းဖြစ်သည်။ “မကြီးမြတ်သော” ဟူသည့် စကားကို ငါပြောသည်မှာ “သင်တို့ ယနေ့ယုံကြည်သော ဘုရားသခင်သည် ကြီးကြီးမားမား အစွမ်းအစ မရှိသော လူတစ်ယောက်မျှသာ၊ သိပ်မမြင့်မြတ်သော လူတစ်ယောက်ဟု ထင်ရသည်” ဟူသည့် အဓိပ္ပါယ်ကို ရည်ညွှန်း၍ ပြောခြင်းဖြစ်ပြီး “မသေးငယ်သော” ဟူသည့် စကားကို ငါပြောသည်မှာ ဤလူသည် လေလာအောင်၊ မိုးရွာအောင် အမိန့်မပေးနိုင်သော်လည်း သူသည် ဘုရားသခင်၏ ဝိညာဉ်ကို ခေါ်ပြီး ကောင်းကင်နှင့် မြေကြီးတုန်လှုပ်စေသည့်အမှုကို ပြု နိုင် ခဲ့သည်၊ လူကို လုံးဝဥဿုံ ဝေခွဲမရ ဖြစ်စေခဲ့သည် ဟုဆိုလိုသည်။ အပြင်ပန်းမှကြည့်လျှင် သင်တို့သည် လောက၌ ခရစ်တော်ကို အလွန်နာခံကြသည်ဟု ထင်ရသော်လည်း တကယ့်တကယ်တမ်းတွင် သင်တို့သည် ခရစ်တော်ကို မယုံကြည်ကြ၊ ချစ်လည်း မချစ်ကြ။ ငါဆိုလိုသည်မှာ သင်တို့ ဧကန်အမှန် ယုံကြည်သောသူသည် သင်တို့ခံစားချက်များအထဲရှိ မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ သင်တို့စစ်မှန်စွာ ချစ်သည်မှာ သင်တို့ နေ့ရော ညပါ သင်တို့ တောင့်တကြ သော်လည်း လူကိုယ်တိုင် မမြင်ဖူးသည့် မပီပြင်သော ဘုရားသခင်သာ ဖြစ်သည်။ ခရစ်တော်အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းမှာမူ အလွန်နည်းပြီး သူ့အပေါ် သင်တို့၏အချက်မှာ ဘာမျှမဟုတ်ပေ။ ယုံကြည်ခြင်းဆိုရာ၌ ယုံကြည်မှုနှင့် စိတ်ချမှုကိုဆိုလို၍ ချစ်ခြင်းသည် မည်သည့်အခါမျှ ခွဲခွာခြင်းမရှိသည့် ကြည်ညိုခြင်းနှင့် နှစ်ထောင်းအားရ သဘောကျခြင်းကို ဆိုလိုသည်။ ယနေ့ခရစ်တော်အပေါ်၌ထားရှိသော သင်တို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းသည် များစွာ လိုအပ်နေ၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ယုံကြည်သနည်း။ ချစ်ခြင်းနှင့်ပတ်သက်၍ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သင်တို့သည် သူ၏ စိတ်သဘောထားကို လုံး၀နားမလည်ကြ၊ သူ၏အနှစ်သာရကို သာ၍ပင် မသိကြ။ သို့ဖြစ်လျှင် သင်တို့သည် သူ့ကို မည်သို့ ယုံကြည်ကြ သနည်း။ သူ့အပေါ် သင်တို့ယုံကြည်ကြောင်း အမှန်တရားသည် အဘယ်မှာနည်း။ သူ့ကို သင်တို့ မည်သို့ ချစ်သနည်း။ သူ့ကို သင်တို့ ချစ်ကြောင်း အမှန်တရားမှာ အဘယ်မှာနည်း။Read More »

Myanmar Gospel Music Video (ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်)

ခရစ်တော်၏ နိုင်ငံတော်သည် နွေးထွေးသောအိမ်တော်ဖြစ်သည်
ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်
ထိုအိမ်တော်သည် ဘုရားသခင်၏ လူတိုင်းအတွက် ဖြစ်သည်။
ခရစ်တော်သည် အသင်းတော်အတွင်း လျှောက်လှမ်း၊ စကားပြောကာ
ဘုရား၏ လူများနှင့်အတူ နေထိုင် လူပ်ရှား အသက်ရှင်သည်။
သန့်ရှင်းသော ၀ိညာဉ်တော်၏ လုပ်ဆောင်မူသည် နူတ်ကပတ်တော်၏
စစ်ကြောစီရင်ခြင်းနှင့် ဆုံးမခြင်းနှင့်အတူ ဤနေရာတွင် ရှိနေသည်။
ဘုရားသခင်၏ စကားတော်များသည် ကျွန်ုပ်တို့အား ရေလောင်း၊ ပံ့ပိုး၊
လမ်းပြပေးပြီးကျွန်ုပ်တို့ ဘ၀များအား ရှင်သန် ကြီးထွားလာစေသည်။
ဤနိုင်ငံတော်သည် ခရစ်တော် အုပ်စိုးသော နိုင်ငံဖြစ်ပြီး
တရားမျှတသော ကမ်ဘာ ဖြစ်သည်။

ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်၏ နွေးထွေးသောအိမ်ဖြစ်သည်
ထိုအိမ်တော်သည် ဘုရားသခင်၏ လူများ၏ နှလုံးသားတွင်ရှိသည်။
ဘုရားသခင်၏ နူတ်ကပတ်တော်
သည် အသင်းတော်အတွင်း လွှမ်းမိုးကာ
ကျွန်ုပ်တို့သည် သမ္မာတရား အတိုင်း လုပ်ဆောင်ကာ ခရစ်တော်အား
ကျွန်ုပ်တို့၏ နှလုံးသားများအတွင်းမှ ချီးမြှောက် ကြသည်။Read More »

ဘုရားနှင့်လူအတွက် ခြားနားသောခိုနားရာ

 

I
ဘုရားမှာ သူ့ရည်မှန်းချက်ရှိပြီး
လူမှာလည်း ကိုယ်ပိုင်ရည်မှန်းချက်ရှိသည်
အနားယူလျက်ရှိသော ဘုရားသခင်သည် လူကို အစဉ်လမ်းပြလိမ့်မည်
လူသည် ထိုစစ်မှန်သောဘုရားကို ကိုးကွယ်လိမ့်မည်
ဘုရားသခင် လူတွေကြားထဲ နေမည်မဟုတ်၊
ဘုရား၏ရည်မှန်းချက်အတိုင်း လူသည် အသက်မရှင်နိုင်
ဘဝနေထိုင်မှုပုံစံအသီးသီးကြောင့်
ဘုရားနှင့်လူ လောကတစ်ခုတည်း၌ အတူနေ၍ မရ လူဟာ
ဘုရားရဲ့စီမံခန့်ခွဲမှုအသီးအပွင့်နှင့်
သူပုံဖော်ထားသည့်အရာဖြစ်သည်
ဘုရားဟာ သူတို့ကို ရှေ့ဆောင်လမ်းပြသူလည်းဖြစ်
ဘုရားနှင့်လူသည် သဘောသဘာဝချင်းကွဲပြားခြားနား
လူတို့ခိုနားရာသည် ကမ္ဘာလောက၊
ဘုရားသခင်ခိုနားရာသည် ကောင်းကင်ဘုံ၌ ဖြစ်သည်
လူသည် နားခိုရင်း ဘုရားကို ကိုးကွယ်၍
လောက၌ အသက်ရှင်လိမ့်မည်
လူသားအားလုံးကို အနားယူနေသော ဘုရားသခင် လမ်းပြတော်မူမည်Read More »

ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ဆုတောင်း, ဘုရားသခင်, ယေရှု, သမ္မာတရား, အသင်းတော်

နောက်ဆုံးသောကာလ၏ အမှုသည် အရာအားလုံးတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပိုင်းခြားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ရန်ဖြစ်သည်၊ အကြောင်းမှာ အချိန်သည် နီးလာပြီး ဘုရားသခင်၏နေ့ရက်သည် ရောက်လာခဲ့ပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သူ့နိုင်ငံတော်သို့ ဝင်လာသူအားလုံးကို၊ အဆုံးတိုင်အောင် သူ့ကို သစ္စာရှိသူများအားလုံးကို ဘုရားသခင်ကိုယ်တိုင်၏ ခေတ်အတွင်းသို့ ဆောင်ယူ၏။ သို့သော် ဘုရားသခင်ကိုယ်တိုင်၏ခေတ် မရောက်လာမီတွင် ဘုရားသခင်၏အမှုသည် လူသား၏လုပ်ဆောင်ချက်များကို စောင့်ကြည့်ရန်၊ သို့မဟုတ် လူသား၏ အသက်တာကို စုံစမ်းမှုပြုရန် မဟုတ်ဘဲ၊ လူသား၏မနာခံမှုကို တရားစီရင်ရန်ဖြစ်၏၊ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပလ္လင်ရှေ့သို့ ရောက်လာသူတိုင်းကို သန့်စင်ပေးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ယနေ့ချိန်ထိ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့သူ အားလုံးတို့သည် ဘုရားသခင်၏ ပလ္လင်ရှေ့သို့ လာရောက်ကြသူများ ဖြစ်ကြသည့်အတွက် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောလူအယောက်စီတိုင်းသည် ဘုရားသခင်၏ သန့်စင်စေခြင်းကို ခံရသည့်သူများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် ဘုရားသခင့်အမှု၏ နောက်ဆုံးအဆင့်ကို လက်ခံသောသူတိုင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရသည့်သူများဖြစ်ကြ၏။Read More »

ရှောင်ကျန်းရဲ့ ပုံပြင် (3) ကောင်းသောအရာကို စွန့်ပစ်ခြင်းနှင့် ဆိုးယုတ်သော အရာနောက်သို့ လိုက်ခြင်း

ပိုက်ဆံသည် ဘုရင်ဖြစ်ပြီး အန္တရာယ်ပြုတတ်သော နှလုံးသားတို့၏ ကမ်ဘာတွင် ရိုးရိုးနှင့် သန့်စင်ပြီး စိတ်ကောင်းရှိသည့် ရှောင်ကျန်းသည် ဘဝအတွက်၊ အသက်ရှင် ရပ်တည်ရေးအတွက် ဘယ်လိုရွေးချယ်မှုကို ပြုလုပ်ခဲ့သနည်း။

အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလများရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖန်တီးခဲ့သည်။၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လူသားတဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။

အကြံပြုစာမျာ: ဓမ္မသီချင်း(ဘုရားသခင် သင့်စိတ်နှလုံးသားနှင့်ဝိညာဉ်ကိုရှာဖွေနေ) ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ခေါ်ဆိုရန်