Myanmar Gospel MV (ချိုသာသော ချစ်ခြင်းမေတ္တာတေး)

Myanmar Gospel Song MV (ချိုသာသော ချစ်ခြင်းမေတ္တာတေး)

ကျွန်ုပ်စိတ်နှလုံး၌ ကိုယ်တော့် ချစ်မေတ္တာရှိ၊
သာယာလွန်း၍ ကိုယ်တော်နဲ့နီးကပ်
ကိုယ်တော့်အား အလေးထားမှု ကျွန်ုပ်နှလုံးကို
ချိုမြစေ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော့်ကို အစေခံ
ကျွန်ုပ်စိတ်နှလုံးကို လမ်းညွှန်တာ
ကိုယ်တော့်နှုတ်ကပတ်တော် ကိုယ်တော်၏မေတ္တာခြေလှမ်း
အတိုင်း ကျွန်ုပ်လိုက်
ကိုယ်တော့်အလိုတော်တိုင်း ကျွန်ုပ်အမြဲပြုမူမည်၊
ကိုယ်တော့်ကို စိတ်ကျေနပ်စေခြင်းက ကျွန်ုပ်စိတ်နှလုံးကို ကြည်နူးစေ
ကိုယ်တော့်ကို စိတ်ကျေနပ်စေခြင်းက ကျွန်ုပ်စိတ်နှလုံးကို ကြည်နူးစေ
ယခု အခြားကမ္ဘာ၌ ကျွန်ုပ်ရှင်သန် ကိုယ်တော်သာ ကျွန်ုပ်နဲ့အတူရှိ
ကိုယ်တော် ကျွန်ုပ်အားချစ်၊ ကျွန်ုပ် ကိုယ်တော်အားချစ်Read More »

Advertisements

ဆုတောင်းရန် သင်ယူခြင်း- ပြဿနာသုံးရပ် ဖြေရှင်းလိုက်ခြင်းက ကျွန်တော်တို့ကို ဆုတောင်းနည်း သင်ကြားပေးသည်

ခရစ်ယာန်, ဆုတောင်း, ယုံကြည်ခြင်း, သက်သေခံချက်, သမ္မာတရား

ဂျန်းလျန်း

ခရစ်ယာန်များအနေဖြင့် ဆုတောင်းခြင်းသည် ကျွန်တော်တို့ နေ့စဉ်အသက်တာ၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ် ပြီး ဘုရားသခင်ထံ တိုးဝင်နီးကပ်ဖို့ တိုက်ရိုက်အကျဆုံးသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ကျွန်တော်တို့ ဆုတောင်းခြင်းများကို သခင်နားညောင်းနိုင်ဖို့ ကျွန်တော်တို့ အားလုံး မျှော်လင့်ကြသော်လည်း၊ ကျွန်တော်တို့က မကြာခဏဆိုသကဲ့သို့ ဘုရားသခင်၏ တုန့်ပြန်မှုကို လက်ခံမရရှိသကဲ့သို့၊ ကိုယ်တော်၏ မျက်မှောက်တော်ကို မခံစားရပဲနှင့် ကျွန်တော်တို့ လမ်းပျောက်ပြီး ကျန်ခဲ့ကြသည်၊ ဤသည်မှာ အဘယ့်ကြောင့်နည်း။ ဘုရားသခင်က ကျွန်တော်တို့ ဆုတောင်းခြင်းများကို အဘယ့်ကြောင့် နားမညောင်းသနည်း။ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် ဆုတောင်းခြင်းအမျိုးအစားများမှာ အဘယ်နည်း။ ယနေ့ ဤအကြောင်းကို မိတ်သဟာယပြုကြပါစို့၊ ပြီးလျှင် ဤပြဿနာ သုံးရပ်ကို ဖြေရှင်းခြင်းအားဖြင့် ကျွန်တော်တို့ ဆုတောင်းခြင်းများကို ဘုရားသခင် နားညောင်းနိုင်ပါသည်။Read More »

Myanmar Christian Song (ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်)

 Myanmar Christian Song (ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်)

I
ဘုရားရဲ့အမှုတော်များစွာထဲမှာ
စစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်
ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက
လူသားတို့ကို သူ့စိတ်သဘောထားအား တွေ့မြင်စေ
စိတ်နှလုံးသား၌ဘုရားကို ချစ်ကြောက်စေ
ဘုရားကို ချစ်ကြောက်နာခံရမည်
ဘုရားရဲ့ဖြစ်ခြင်းနှင့်စိတ်သဘောထားသည်
ဖန်ဆင်းခံလူသားများနဲ့ ( ခြားနားပြီး )
ဖန်ဆင်းခံလူသားများအထက်မှာ ရှိ
ဘုရားဟာ ဖန်ဆင်းခံမဟုတ်၊
ဘုရားသာ ချစ်ကြောက်ခြင်း၊ နာခံခြင်းနှင့် ထိုက်တန်၊
လူသားများ နှင့်မထိုက်တန်

Read More »

အနန္တတန်ခိုးရှင် ဘုရားသခင်နှင့် သခင်ယေရှုတို့သည် တစ်ဆူတည်းသော ဘုရားသခင်လော။

ဆုတောင်း, ယေရှု, ဝိညာဉ်တော်, သခင်ယေရှု, သမ္မာတရား

လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည့်အခါ ဘုရားသခင်သည် လူသား မျိုးနွယ်ကို ကယ်တင်ရန် စီမံခန့်ခွဲမှု အစီအစဉ်တစ်ရပ်ကို စတင်ခဲ့၏။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် အမှုအဆင့် သုံးဆင့်ကို ဆောင်ရွက်ခဲ့၏။ ပညတ်တော် ကာလတွင် ယေဟောဝါ ဘုရားသခင်သည် ပညတ်တော်များကို ထုတ်ပြန်လျှက် လူသား မျိုးနွယ်၏ဘဝကို လမ်းပြကာ လူသားတို့အား ဘုရားသခင်ကို ကိုးကွယ်ရမည် ဖြစ်ကြောင်းနှင့် အပြစ်ဟူသည် မည်သည့်အရာ ဖြစ်ကြောင်းတို့ကို အသိပေးခဲ့၏။ သို့ရာတွင် ပညတ်တော်ကာလ၏ နောက်ဆုံးအဆင့်များ ရောက်လာသည့်အခါ လူသားမျိုးနွယ်၏ ပျက်စီးမှုသည် ပိုမိုပြင်းထန်လာကာ လူတို့သည် ပညတ်များကို မကြာခဏ ချိုးဖောက်လျှက် ယေဟောဝါကို ပြစ်မှားခဲ့ကြ၏။ ထိုသူတို့သည် ၎င်းတို့၏ ချိုးဖောက်မှုများကြောင့် ပြစ်တင် ရှုတ်ချခံရခြင်းနှင့် အသတ်ခံရခြင်း အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ၏။ ထို့ကြောင့် လူသားမျိုးနွယ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းသည့် အနေဖြင့် ကျေးဇူးတော်ကာလတွင် ဘုရားသခင်သည် လူသားအသွင်ခံယူလျှက် သခင်ယေရှု ဖြစ်လာ၏။ လူသားမျိုးနွယ်အတွက် သူသည် လက်ဝါး ကပ်တိုင်တွင် သံမှိုဆွဲရိုက်ခံရကာ လူသားကို အပြစ်မှ ကယ်နုတ်ခဲ့၍ လူတို့အား ဘုရားသခင် ရှေ့မှောက်လာကာ ဘုရားသခင်ကို ဆုတောင်းခြင်း၊ အပြစ်ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ အပြစ်များအတွက် ခွင့်လွှတ်ခံရခြင်းနှင့် ဘုရားသခင်၏ကျေးဇူးနှင့် ကောင်းချီးမင်္ဂလာများ၏ ကြွယ်ဝမှုအောက်တွင် နေထိုင်ခြင်းများ ပြုလုပ်နိုင်စေခဲ့၏။ သို့ရာတွင် လူတို့၏ အပြစ်များသောသဘာဝကို ဖြေရှင်းရန်လိုသေးလျှက် ထိုသူတို့သည် မကြာခဏ အပြစ် ကျူးလွန်ခဲ့၍ ဘုရားသခင်ကို ဆန့်ကျင်ခဲ့သဖြင့် နိုင်ငံတော်ကာလတွင် ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုခံယူကာ တဖန်ပြန်၍ ဇာတိပကတိခံယူခဲ့သည်။ ဤသည်မှာ သခင်ယေရှု၏ ရွေးနုတ်ခြင်း၊ လူသားမျိုးနွယ်၏ အပြစ်များသော သဘာဝကို ဖျောက်ဖျက်ခြင်း၊ ဘုရားသခင်အပေါ် လူသားမျိုးနွယ်မှ နာခံမှုမရှိခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ရပ်စဲစေခြင်း၊ လူသားတို့ ဘုရားသခင်ကို အမှန်စင်စစ် လိုက်နာကာ ကိုးကွယ်ခြင်းနှင့် အဆုံးတွင် သာယာလှပသော ခရီးလမ်းဆုံးသို့ ရောက်ရှိစေခြင်းစသည့် သခင်ယေရှု၏အမှုကို အခြေခံလျှက် ကယ်တင်ခြင်းနှင့် သန့်စင်ခြင်းတို့အတွက် သမ္မာတရားခပ်သိမ်းကို ထုတ်ဖော် ပြောဆိုရန် ဖြစ်သည်။ ပညတ်တော်ကာလ၊ ကျေးဇူးတော်ကာလနှင့် နိုင်ငံတော်ကာလတို့တွင် ဆောင်ရွက်ခဲ့သော ဘုရားသခင်၏အမှုတို့သည် ကွဲပြား၍ ခံယူခဲ့သော နာမတော်များနှင့် ဖော်ပြခဲ့သော စိတ်နေသဘောထားတို့ ကွဲပြားသော်လည်း သူ၏အမှု၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှာ အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးမှာ လူသားကို ကယ်တင်ရန်ဖြစ်ကာ အမှုအားလုံးကို ဘုရားသခင်ကိုယ်တိုင်က ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောကြားသည့်အတိုင်း “ယေဟောဝါ၏ အလုပ်မှစ၍ ယေရှု၏ အလုပ်တိုင်အောင်နှင့် ယေရှု၏ အလုပ်မှစ၍ ယခုလက်ရှိအဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံးကို အဆက်မပြတ် အကျုံးဝင်စေသည်။ ယင်းတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်း၏ လုပ်ဆောင်မှုပင်ဖြစ်သည်။ ကမ္ဘာကြီးကို စတင်ဖန်ဆင်းကတည်းက၊ ဘုရားသခင်သည် လူသားကို စီမံခန့်ခွဲလျက် ရှိနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသော သူနှင့် နောက်ဆုံးသောသူလည်း ဖြစ်သည့်အပြင်၊ သူသည် ခေတ်တစ်ခုကို အစပြုခဲ့သူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူလည်း ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများမှ အလုပ်အဆင့် သုံးဆင့်သည် ဝိညာဉ်တော် တစ်ပါးတည်း၏ အလုပ်ဖြစ်သည်မှာ မှားယွင်းဖွယ်မရှိပေ။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူအပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရန် ရပ်တည်သူများပင်ဖြစ်သည်။”“ဘုရားသခင် အလုပ်၏ ရူပါရုံ (၃)”နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ မှ။Read More »

သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ် အစစ်အမှန်ကို သင်သိပါသလား

ကျေးဇူးတော်, ခရစ်တော်, သခင်ယေရှု, သမ္မာကျမ်းစာ, ဧဝံဂေလိတရားတော်

“သခင်ယေရှု၏ ရွေးနှုတ်ခြင်း” အကြောင်း ပြောခြင်းသည် ကျွန်မတို့အား သခင့်ကို ကျေးဇူးတင်ခြင်း ဖြင့် အမြဲတမ်း ပြည့်နှက်စေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်က စာတန်၏ လက်များထဲမှ ကျွန်မတို့ကို ရွေးနှုတ်ရန် သခင်ယေရှုသည် လူသားမျိုးနွယ်၏ အပြစ်များ အတွက် ကားစင်တင်ခံပြီး ယဇ်ပူဇော်ခံခဲ့ရသည်၊ ထိုသို့ဖြင့် ကျွန်မတို့၏ အပြစ်များအားလုံးကို လွှတ်ပေးခဲ့ပါသည်။ ကျွန်မတို့ အပြစ်ကျူးလွန်သည့်အခါတွင် ကျွန်မတို့က နောင်တရပြီး၊ မိမိတို့အပြစ်များကို သခင့်ကို ဝန်ခံသမျှကာလပတ်လုံး၊ ကျွန်မတို့အပြစ်များလွှတ်ခံရပြီး၊ ကျွန်မတို့သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို နှစ်သက်ခံစားရပါသည်။ သို့သော်လည်း လတ်တလောတွင် ညီအစ်ကိုမောင်နှမအချို့က စိတ်ရှုပ်ထွေးလျက်ရှိသည်၊ ကျွန်မတို့အပြစ်များကို သခင်က ခွင့်လွှတ်ခဲ့သော်လည်း ကျွန်မတို့က အပြစ်၏ချည်နှောင်မှုမှ လုံးဝလွတ်မြောက်နိုင်ခြင်းမရှိပါ၊ ကျွန်မတို့သည် မကြာခဏ လိမ်လည်ပြီး လှည့်စားကြကာ၊ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်း သံသရာတွင် ပိတ်မိနေကြ၍၊ သခင့်သွန်သင်ချက်များကို ကျွန်မတို့ မထိန်းသိမ်းနိုင်ပါ။ သမ္မာကျမ်းစာက ကျွန်မတို့အား “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေရာယဇ်ကို ပူဇော်ရာအခွင့် မရှိ” (ဟေဗြဲ ၁၀:၂၆) ဟု ရှင်းလင်းစွာပြောထားသည်။ ကျွန်မတို့၏ လုပ်ရပ်များသည် ဘုရားသခင်၏ အလိုတော်နှင့် ဆန့်ကျင်နေသည်ကို သိစေကာမူ ကျွန်မတို့သည် တမင် သက်သက် အပြစ်ကျူးလွန်နိုင်ကြောင်းနှင့် ကျွန်မတို့က ပြောင်းလဲခြင်းမရှိပဲ နောင်တရရုံမျှသာရှိပါက၊ ကျွန်မတို့ အပြစ်များအတွက် စတေးမှုသည် အလဟဿ ဖြစ်သည်ကို ကျွန်မတို့ ရှင်းလင်းစွာ သိကြသည်။ ဤကဲ့သို့ပင် ကျွန်မတို့က သခင်ပြန်ကြွလာချိန်တွင် ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက်ချီဆောင် ခံရနိုင်ပါသလား။ သို့သော်၊ ကျွန်မတို့ မကြာခဏ အပြစ်ကျူးလွန်သော်လည်း၊ သခင်က ကျွန်မတို့၏ အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ၊ ကျွန်မတို့ကို အပြစ်သားများအဖြစ် မမြင်သည့်အပြင်၊ သခင်ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့က ကောင်းကင်နိုင်ငံတော်ထဲသို့ ချီဆောင်ခံရ လိမ့်မည်ဟု ယုံကြည်ကြသော ညီအစ်ကို မောင်နှမအချို့လည်း ရှိကြသည်။ ထို့ကြောင့် ကျွန်မတို့က ကောင်းကင်နိုင်ငံတော် ထဲသို့ ချီဆောင်ခံရမလား။ ထိုပြဿနာကို အတူတကွ လေ့လာကြပါစို့။Read More »

နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (သုံးပါးတစ်ဆူ တည်ရှိပါသလော – အပိုင်း တစ်)

အနန္တတန်ခိုးရှင်ဘုရားသခင်ပြောသည်- “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ဟူသည့် ဤအယူအဆသည် လုံးဝအဓိပ္ပာယ်မရှိသော အရာပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား ပိုင်းစိတ်ကာ သူ့အား တစ်ဦးချင်းစီတွင် ဂုဏ်ပုဒ်နှင့် ဝိညာဉ်တော်ရှိသော ပုဂ္ဂိုလ်သုံးပါးအဖြစ်သို့ ခွဲခြမ်းပစ်သည်၊ ဤတွင် သူသည် အဘယ်နည်းနှင့် ဝိညာဉ်တော်တစ်ပါးနှင့် ဘုရားသခင်တစ်ဆူတည်းအဖြစ် ဆက်ရှိနေနိုင်မည်နည်း။ ငါ့ကိုပြောပါ၊ ကောင်းကင်၊ မြေကြီးနှင့် ထိုအထဲမှ အရာများအားလုံးကို ဖန်ဆင်းခဲ့သည်မှာ ခမည်းတော်လော၊ သားတော်လော၊ သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်ပင်လော။ ယင်းတို့ကို သူတို့အားလုံး အတူတကွ ဖန်ဆင်းခဲ့သည်ဟု အချို့က ပြောကြသည်။ ဤသို့ဆိုလျှင် လူသားမျိုးနွယ်အား မည်သူက ရွေးနှုတ်ခဲ့သနည်း။ ထိုသူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော၊ သားတော်လော၊ သို့တည်းမဟုတ် ခမည်းတော်လော။ လူသား မျိုးနွယ်အား ရွေးနှုတ်ခဲ့သူမှာ သားတော်ပင်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသို့ဆိုလျှင် အနှစ်သာရအရတွင်ကား သားတော်သည် အဘယ်သူဖြစ်သနည်း။ သူသည် ဘုရားသခင် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် မဟုတ်ပေလော။ ဖန်ဆင်းခံလူတစ်ဦး၏ ရှုမြင်ပုံအရ အဆိုပါလူ့ဇာတိခံယူသူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို ခမည်းတော်ဟူသော အမည်ဖြင့် ခေါ်ဆိုသည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ တည်၍ မွေးဖွားခဲ့သည်ကို သင်သတိမပြုမိသလော။ သူ၏အတွင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်၊ သင်မည်သို့ပင် ဆိုသည်ဖြစ်စေ၊ သူသည် ကောင်းကင်ဘုံမှ ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းပင် ဖြစ်နေသေးသည်၊ အကြောင်းမှာသူသည် ဘုရားသခင်ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းပင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသားတော်ဟူသော စိတ်ကူးအကြံသည် တကယ်ပင် မမှန်ကန်ပါ။ ယင်းသည် အလုပ်အားလုံးကို ဆောင်ရွက်သော ဝိညာဉ်တော် တစ်ပါးတည်းသာ ဖြစ်သည်၊ ဘုရားသခင် ကိုယ်တိုင်သာလျှင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သာလျှင် သူ၏အလုပ်အား ဆောင်ရွက်သူဖြစ်သည်။”

ခရစ်ယာန်ရုပ်ရှင်ကိုဝေမျှခြင်း

Myanmar New Movie 2019 တရုတ်ပြည်မှ ဘာသာရေးဖိစီးနှိပ်စက်မှု ၅ (ကျရှုံးလုဆဲဆဲမှာ ပြန်လည်ရှင်သန်ခြင်း)

ဆုတောင်းပဌာနပြု ဓမ္မသီချင်း | ဆုတောင်းခြင်း၏အနက်

ဆုတောင်း, ဓမ္မသီချင်းများ, အသက်, MYANMAR HYMN SONG


ဝိညာဉ်တော်ကို ခေါ်ဖိတ်ဖို့၊ ဘုရားတို့ထိဖို့
ဆုတောင်းခြင်းဟာ လူသားများ ဘုရားနဲ့အတူ
ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတစ်သွယ်
ဆုတောင်းလေ တို့ထိမှု ဉာဏ်အလင်းနှင့် စိတ်ခိုင်မာမှု ပိုရလေ
ထိုသူတို့ စုံလင်ခြင်း အမြန်ဆုံး ရရှိနိုင်
ဆုတောင်းလေ တို့ထိမှု ဉာဏ်အလင်းနှင့် စိတ်ခိုင်မာမှု ပိုရလေ
ထိုသူတို့ စုံလင်ခြင်း အမြန်ဆုံး ရရှိနိုင်

Read More »

အခြားလူများနှင့် အတူ အလုပ်လုပ်ဖို့ ကျွန်မ သင်ယူခဲ့သည်

ခရစ်ယာန်, ဆုတောင်း, သမ္မာတရား, အသင်းတော်, ဧဝံဂေလိ

လီဟန်၊ ကျင်းရှီစီရင်စု

ဘုရားသခင်၏ ကျေးဇူးတော်မှ တစ်ဆင့် အသင်းတော်ခေါင်းဆောင်တာဝန်ကို ကျွန်မ ယူခဲ့ပါသည်။ ထိုအချိန်က ကျွန်မ အလွန်စိတ်အားထက်သန်ပြီး ဘုရားသခင်ရှေ့တွင် ကျွန်မ စိတ်ပိုင်းဖြတ်ချက်တစ်ခုချခဲ့သည်။ ဘာကိုပဲ ကျွန်မ ကြုံတွေ့ပါစေ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကို မစွန့်လွှတ်ဘူး။ ကျွန်မ တစ်ခြားအစ်မနဲ့ ကောင်းကောင်းအလုပ်လုပ်မယ်။ သမ္မာတရားနောက်ကို ကြိုးစားလိုက်လျှောက်တဲ့ သူတစ်ယောက်ဖြစ်မယ် ဟူ၍ ဖြစ်သည်။ သို့သော် ကျွန်မက စိတ်ပိုင်းဖြတ်ချက် ချခြင်းသက်သက်သာ ဖြစ်ပြီး လက်တွဲညီသောအလုပ်ဆက်ဆံရေး၏စစ်မှန်မှုထဲသို့ မည်သို့ ဝင်ရောက်ရမည်ကို မသိခဲ့ပါ။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသော အစ်မ နှင့် ပထမဆုံး အသင်းတော်ကိစ္စရပ်များကို စီစဉ်သောအချိန်တွင်၊ ကျွန်မတို့တွင် မတူညီသော အမြင်များ ရှိသောအခါ ကျွန်မ၏အဖော်ကို ကျွန်မ အပြစ်မတင်မိဖို ကျွန်မ၏နှလုံးသား နှင့် ဝိညာဉ်ကို ကာကွယ်ဖို့တောင်းဆိုရင်း ဘုရားသခင်ကို သတိရှိရှိ ဆုတောင်းပါသည်။ သို့သော် ကျွန်မ၏အဖော် နှင့် ပဋိပက္ခတွေမဖြစ်အောင် ကျွန်မ၏ အပြုအမူများကို ထိန်းချုပ်သောနေရာ၌သာ ကျွန်မ အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ကျွန်မ သမ္မာတရားထဲကို မဝင်ရောက်ခဲ့ပါ။ ထို့ကြောင့် အချိန်ကြာလာသည် နှင့်အမျှ အစ်မ နှင့် ပိုပိုပြီး သဘောမတိုက်ဆိုင်မှုများ ရှိလာသည်။ တစ်ခါတွင်ကျွန်မသည် အစ်မတစ်ယောက်ကို ယုံကြည်သူသစ်များအား ရေလောင်းသောရာထူး တိုးပေးချင်ခဲ့၏။ ကျွန်မ နှင့် အတူအလုပ်လုပ်နေသောအစ်မက ယင်းအစ်မက မကောင်းပါဟု ပြောသည်။ သင့်တော်သည့်လူကို ကျွန်မလဲပြီးနောက်တွင် သူက ဒါ မကောင်းဘူးဟု ပြောနေဆဲပင် ဖြစ်သည်။ ကျွန်မ ချက်ချင်းစိတ်တိုပြီး စိတ်ဆိုးဆိုး နှင့် “ ဘယ်သူကမှ မကောင်းဘူး။ နင်ပဲ ကောင်းတယ်” ဟု ပြောလိုက်သည်။ သို့ဖြစ်၍ ဤကိစ္စကို လုံးဝ ထပ်မပြောတော့ပါ။ သူက ထိုအကြောင်းကိုမေးသောအခါ ကျွန်မ စိတ်တိုတို နှင့်၊ “ နင်ကြိုက်တဲ့သူကိုရွေး၊ ငါ ဂရုမစိုက်ဘူး” ဟု ပြောလိုက်သည်။ နောက်ပိုင်းတွင် သူဘာပဲပြောပြော သဘောထားကွဲလွဲမှုရှိခဲ့လျှင် ကျွန်မ ဘာမှမပြောတော့ပါ။ ပဋိပက္ခဖြစ်ခြင်းများကို ရှောင်နိုင်မည်ဟု တွေးထင်ရင်း ကျွန်မ ရေငုံနှုတ်ပိတ်နေလိုက်သည်။ တစ်ခါတစ်လေမှာ ချုပ်တည်းရခြင်းက မခံနိုင်အောင်ဖြစ်လာသည်။ ထို့ကြောင့် ကျွန်မ မှားသွားခဲ့ပြီဟု ခံစားရင်း တစ်နေရာရာ၌ ပုန်းကာ ငို ကြွေးခဲ့သည်။ နင်က မလုပ်နိုင်ဘူးလား။ ဒါဆိုရင် နင့်ဖာသာလုပ်လေ။ ပြီးရင် နင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်နေတာကို ကြည့်မယ် ဟုပင် ကျွန်မစဉ်းစားခဲ့သည်။ နောက်ပိုင်း တစ်ခါတွင် အထက်ခေါင်းဆောင်က ကျွန်မ ကိုင်တွယ်ဖြေရှင်းရမည့် တာဝန်တစ်ခု ပေးခဲ့သည်။ ကိစ္စတစ်ခုလုံးကို ကျွန်မကိုယ်တိုင် ဆုံးဖြတ်ပြီး စီစဉ်ရသည်။ ယင်းနှင့် ပတ်သက်၍ ကျွန်မ အတော်ကျေနပ်သလို ခံစားခဲ့ရသည်။ ကျွန်မနှင့်အတူလုပ်နေသောအစ်မက ကျွန်မကို ချီးကျူးပြီး နှစ်သိမ့်မည်ဟု ထင်ခဲ့သည်။ မျှော်လင့်မထားပဲ ကျွန်မ၏အဖော်က ရေအေးတစ်လုံးနှင့် ကျွန်မကို လောင်းချလိုက်သကဲ့သို့ ငြင်းလိုက်ပြီး၊ “ ဒါက လုပ်ဖို့ တကယ်ကို မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူး” ဟု ပြောလိုက်လေသည်။ ဤအရာက ကျွန်မကို တကယ်ဒေါသထွက်စေပါသည်။ ရှင် တကယ့်အခြေအနေကို နားမလည်ပဲနဲ့ လုံးဝ ငြင်းပယ်လိုက်တယ်။ ဒါတော်တော် ဘဝင်မြင့်တာပဲ ဟု ကျွန်မ တွေးလိုက်သည်။ ဤသို့ဖြင့် ကျွန်မတို့၏ အမြင်များကို ကိုင်စွဲထားပြီး မည်သူမျှ အချင်းချင်း လက်ခံပေးဖို့ ဆန္ဒမရှိကြပါ။ နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော် ဆွေးနွေးမှုများကိုပင် ကျွန်မ နားမထောင်တော့ပါ။ ယင်းကို ကျွန်မ စဉ်းစားလေလေ၊ သူမှားသည်ဟု ကျွန်မ ခံစားရလေလေဖြစ်သည်။ သူ့၏ စီနီယာဖြစ်ခြင်းကို အခွင့်ကောင်းယူပြီး ကျွန်မကို တမင်သက်သက် အခက်တွေ့စေသည်မှာ သူဖြစ်သည်။ ကျွန်မ သူ့ကို အထပ်ထပ်သည်းခံခဲ့သော်လည်း သူ ကျွန်မကို ဤသို့ ဆံဆက်လျက်ပင်ရှိသေးသည်ကိုလည်း တွေးမိပါသည်။ ကျွန်မ စဉ်းစားကြည့်လေလေ ကျွန်မ မှားခဲ့သည်ဟု ခံစားရလေလေ ဖြစ်သည်မှာ အမှောင်ထဲမှာ ကျွန်မ လုံးဝကျန်ရစ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှု ပျောက်ဆုံးသွားခဲ့သည်အထိ ဖြစ်သည်။ ထိုအချိန်မှစပြီး ကျွန်မ သူနှင့်အလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မ အနေနှင့် ဒီကိစ္စက ကိုင်တွယ်ဖို့ ခက်တဲ့အတွက် ကျွန်မ ဒီကိစ္စကနေ ပုန်းပဲနေလိုက်တော့မယ်ဟု စဉ်းစားခဲ့သည်။ ထိုအချိန်က ဤအခြေအနေမျိုးက အတော်အန္တရာယ်ရှိသည်ကိုလည်း ကျွန်မ သိပါသည်။ ဆိုးဝါးသောအရာ တစ်စုံတစ်ခု လုပ်မိခြင်းကို ရှောင်ကြဉ်ဖို့ တာဝန်တွေကို အမြန်ဆုံးလဲလိုက်ဖို တောင်းခံလျှင် ပိုကောင်းမည်ဟု ကျွန်မ တွေးမိသည်။ ထိုကြောင့် နှုတ်ထွက်စာကိုရေးဖို့ ကျွန်မ၏ သိပ်အရေးမပါသော ဝိညာဉ်အသက်တာ နှင့် အရည်အချင်းမပြည့်မှီမှုတို့ကို ဆင်ခြေအဖြစ်အသုံးချခဲ့သည်။ မကြာမီမှာပင် အထက်ခေါင်းဆောင်မှ ရှုံးနိမ့်ခြင်း နှင့် နှုတ်ထွက်ခြင်းကို ဝန်ခံခြင်းနှင့် ဆိုင်သည့် အခြေခံစည်းမျဉ်းများ နှင့် လူတို့ကို ကယ်တင်ဖို့ ဘုရားသခင် လုပ်ဆောင်သော ကြီးမြတ်သည့် စာနာထောက်ထားမှုအကြောင်းကို ဝေမျှခဲ့ပါသည်။ သို့သော် ကျွန်မ၏ နှလုံးသားက မာကျောနေပြီး ပျော့ပြောင်းမသွားပါ။Read More »

Myanmar hymn song (အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်)

Myanmar hymn song (အရာရာ ဘုရားနိယာမနဲ့အုပ်စိုးမှုအတိုင်း ရှင်သန်)

I
နှစ်ထောင်ချီ ကုန်လွန်
ဘုရားပေးသော အလင်းနဲ့လေထုကိုလူသားများ ရရှိခံစားဆဲ
ဘုရားကိုယ်တိုင် မှုတ်သွင်းသော ဇီဝအသက်နဲ့
လူသားတို့ အသက်ရှင်နေဆဲ
ဘုရားဖန်ဆင်းသော လက်ရာ ပင်လယ်ငါးများ၊
ကျေးငှက် နှင့် ပန်းမန်များ၊
ပိုး မွှားများနဲ့ လူသားများ သာယာနေဆဲ
ဘုရားပေးသော အရာအားလုံးတို့၌ လူသားများ ပျော်မွေ့
နေ့နဲ့ည ရယ် အလှည့်ကျပြောင်းလဲလျက်ရှိ
ရာသီဥတုတွေ ပုံမှန် လှည့် ပတ် ဆဲ
မိုးပေါ်ပျံသော ဘဲငန်းများ ဆောင်းခါ ထွက်ခွာ၍
နွေမှာ ရောက်လာကြ
ရေမှာ ကူးခပ်နေသော ငါးများ သူတို့နေထိုင်ရာ
မြစ်နဲ့အင်းအိုင်တွေက လုံးဝ မခွာ
နွေအချိန်များတွင် မြေ ပြင် ပေါ်ရှိ ပုစဉ်းရင်ကွဲလေးများ
ရွှင်မြူးစွာ ဟစ်အော်ကြ
ဆောင်းရာသီ မြက်ခင်းတွေကြားက
ပုရစ်တွေ လေညင်းနဲ့အတူ တေးဆို ကြ
ဘဲငန်းများ က အုပ်စုဖွဲ့ကာ သိမ်းငှက်များ က တစ်ကိုယ်တည်းနေ
သမင်တွေ မြက်ပင်၊ ပန်း ပင် နဲ့ မကွဲမကွာရှိစဉ်
ခြင်္သေ့တွေ က အစာရှာ
ခပ်သိမ်းသောအရာများ၌ သက်ရှိသတ္တဝါတိုင်း
ထပ်ခါခါ ရောက်လာလိုက်၊ ထွက်သွားလိုက်

Read More »

ဧဝံဂေလိ၏ ဂီတ | အဓိပ္ပာယ်ပြည့်ဝဆုံးအသက်တာ

ခရစ်ယာန်ဓမ္မသီချင်း, အသက်, ဧဝံဂေလိတရား, MYANMAR GOSPEL SONG

Myanmar Gospel Song | အဓိပ္ပာယ်ပြည့်ဝဆုံးအသက်တာ


ဖန်ဆင်းခံအနေနှင့် သင် ဘုရားကို ကိုးကွယ်သင့်တယ်
ဖန်ဆင်းခံအနေနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို
သင် လျှောက်လှမ်းသင့်
ဖန်ဆင်းခံအနေနှင့် သင် ဘုရားအတွက် အသုံးခံသင့် တယ်
လူသားတစ်ယောက်အနေနှင့် အခက်အခဲအားလုံး ကြံ့ခိုင် ရမယ်
သင်တို့မှာ လမ်းမှန်ကို လိုက်ကြသူတွေ
တိုးတက်မှုကို ရှာဖွေသူတွေ
အဆင်းနီ နဂါးကြီးပြည်မှာ
ပုန်ကန်သူတွေ
ဖြောင့်မတ်သူဟု ဘုရားက ခေါ်သူတွေ
၎င်းဟာ အဓိပ္ပာယ်ပြည့်ဝဆုံး အသက်တာ မဟုတ်လား

Read More »